ဖတ်မိသမျှလေးတွေကိုတစ်ခုတစ်ဝေးထဲ ရှိစေချင်လို့ ဒီBlog လေးဖန်တီးပေးလိုက်တာပါ ဘယ်သူ့ကိုမှမထိခိုက်မနစ်နာဖို့ ရည်ရွယ်ပါတယ်ရှင်......
Thursday, February 16, 2012
အလုပ်တွေ တစ်ခါတလေ အရမ်းများတယ်... စိတ်ချမ်းသာ ကျေနပ်တတ်ဖို့ပဲလိုတယ်။
ဘဝက တစ်ခါတလေ အရမ်းပင်ပန်းတယ်..... ကျန်းမာပျော်ရွှင်ဖို့ပဲလိုတယ်။
အချိန်က တစ်ခါတလေ အရမ်းအကုန်မြန်တယ်.... တန်ဖိုးထားတတ်ဖို့ပဲလိုတယ်။
အချစ်က တစ်ခါတလေ ရယူရအရမ်းခက်ခဲတယ်.... ဖူးစာကံအတိုင်းထားတတ်ဖို့ပဲလိုတ ယ်။
နင်နဲ့ငါ အမြဲတမ်းတော့ မတွေ့နိုင်ဘူး..... သတိရ လွမ်းဆွတ်တတ်ဖို့ပဲလိုတယ်။
(99sanay)
Tuesday, January 31, 2012
မြန်မာ့ရိုးရာရှေးထုံး နေ့ရက်ေ၇ွးနည်းများ
နားထွင်းနေ့ ရွေးနည်း
အုံ - လဲ - နာ - ကျင် - စွာ နားထွင်းမပြုရာ။
ရွှေ - ပန်း ခေါ်ထ နေ့နှစ်ဝ၊ ထွင်းကြ နားကိုသာ။
ရောင်းဝယ်နေ့ ရွေးနည်း
လွန်း - ဘုံ - သာ ၀ယ်ပါလေ။
အောင် - ကျော် - စံ - နှောင်း မ၀ယ်ကောင်း။
ကြွေးချေးရာ၊ မချေးရာသော နေ့ရွေးနည်း
ငါ့ - သား - ထွေး ကြွေးမပေးနှင့်။
ဥ - စ္စာ - ၀င် - ပွါး ကြွေးချေးငှား။
ရေးချိုးနေ့ ရွေးနည်း
ငါ့ - သား - ရွှေ - ဒေါင် ရေကိုရှောင်။
အောင် - စံ - ဖြိုး ရေချိုးရက်။
ခေါင်းလျှော်ရက် ရွေးနည်း
က - ရင် - သား - မွေး ခေါင်းမဆေးနှင့်။
အိုး - စည် - တီး ပြီးအောင်ဆေး။
ခေါင်းရိတ်ရက် ရွေးနည်း
မွေးနေ့, သော - ကြာ - တနင်္လာ ကေသာဆံဖြတ်၊ မပြုအပ်။
(မြန်မာ့သွေး)

အချစ်က...
လျော့နည်းလာတာနဲ့ အသစ်ရှာ
စိတ်မောလာတာနဲ့ အသစ်ပြောင်းတာမျိုး မဟုတ်ဘူး။
စံစားဖို့ထက် အတူခံစားမျှဝေနိုင်မယ့်လူတစ်ယော က်ကို ရှာပါ။
ရှောင်ပြေးဖို့ထက် အတူသည်းခံ ခေါင်းခံနိုင်မယ့်လူတစ်ယောက်ကို
... ရှာပါ။ အချစ်ကိုတာဝန်ယူဖို့ထက် သင့်ကိုတာဝန်ယူနိုင်မယ့်လူတစ်ယောက်ကို ရှာပါ။
အချစ်ဆိုတာ တစ်ယောက်တည်းကိစ္စမဟုတ်ပါဘူး၊ နှစ်ယောက်အတူကြိုးစားတဲ့
ရလဒ်ဖြစ်တယ်။ နှစ်ယောက်အတူ ရုန်းကန်၊ နှစ်ယောက်အတူ ဖန်ဆင်းတာဖြစ်တယ်။
(99sanay)
လျော့နည်းလာတာနဲ့ အသစ်ရှာ
စိတ်မောလာတာနဲ့ အသစ်ပြောင်းတာမျိုး မဟုတ်ဘူး။
စံစားဖို့ထက် အတူခံစားမျှဝေနိုင်မယ့်လူတစ်ယော
ရှောင်ပြေးဖို့ထက် အတူသည်းခံ ခေါင်းခံနိုင်မယ့်လူတစ်ယောက်ကို
... ရှာပါ။ အချစ်ကိုတာဝန်ယူဖို့ထက် သင့်ကိုတာဝန်ယူနိုင်မယ့်လူတစ်ယေ
အချစ်ဆိုတာ တစ်ယောက်တည်းကိစ္စမဟုတ်ပါဘူး၊ နှစ်ယောက်အတူကြိုးစားတဲ့ ရလဒ်ဖြစ်တယ်။ နှစ်ယောက်အတူ ရုန်းကန်၊ နှစ်ယောက်အတူ ဖန်ဆင်းတာဖြစ်တယ်။
(99sanay)

မျက်ရည်က ဆုံးရှုံးသွားတဲ့အရာတိုင်းကို နဂိုအတိုင်းပြန်ဖြစ်စေတာ မဟုတ်ဘူး။ ဒါကြောင့် အလွယ်တကူ မျက်ရည်မကျပါနဲ့။
ဝမ်းနည်းပြီဆိုတိုင်း ငိုကြွေးရမယ်လို့ မဆိုပါဘူး။ ဒါကြောင့် ပြုံးဖို့ မတွန့်တို မနှမြောပါနဲ့။
ပေးဆပ်ချင်တိုင်း ပေးဆပ်လို့ရတာ မဟုတ်ပါဘူး။ ဒါကြောင့် ကတိသစ္စာကို လွယ်လွယ်မပေးပါနဲ့။
...
သင်တစ်ယောက်တည်း ကြိုးစားရုန်းကန်နေတာ မဟုတ်ပါဘူး။ ဒါကြောင့် လွယ်လွယ်နဲ့ လက်လွတ်အရှုံးမပေးပါနဲ့။

ဆေးလဲအစာ၊ အစာလဲဆေး(၂)
စပျစ်ဝိုင်
နုပျိုစေသည်။ သွေးတွင်းအဆီဓာတ်နှင့် သေးချိန်ကျဆင်းစေ၍ နှလုံးရောဂါနှင့် သွေးတိုးရောဂါအတွက် အလွန်ကောင်းသည်။
မုန်လာဥနီ
မျက်စိအတွက် အလွန်ကောင်းသည်။ ဆံပင် သန်စေသည်။ အသားအရေ စိုပြည်စေသည်။ ကလေးအတွက် အအေးမိခြင်းနှင့် အဆုတ်ရောင်ခြင်းမှ ကာကွယ်သည်။
လက်ဖက်ခြောက် (Green Tea)
ကင်ဆာ၊ သွေးလွှတ်ကြော မာကျောခြင်းမှ ကာကွယ်သည်။ စိတ်လက်ပေါ့ပါးစေသည်။ သွားခိုင်စေသည်။ (ပလုတ်ကျင်း)
ကြက်ဟင်းခါးသီး
ဆီးချိုအတွက် အလွန်ကောင်းသည်။
တရုတ်နံနံပင်
သွေးတိုးအတွက် အလွန်ကောင်းသည်။
ဒိန်ချဉ်
ရောဂါဖြစ်ပွားစေသော ပိုးမွှားကို သုတ်သင်နိုင်၍ ရောဂါအရနည်းစေသည်။ ကယ်လ်စီယမ်ဓာတ် ဖြည့်ဆည်းပေးသည်။ ရေယုန်ပျောက်စေသည်။
ကွေကာအုပ်
ကော်လက်စထရော မြင့်မားခြင်း၊ သွေးတိုး၊ သွေးပျစ်ခဲခြင်း လျော့စေသည်။
ကြက်သွန်ဖြူ
သွေးတိုး၊ ဆီးချိုအတွက် အထူးကောင်းသည်။ ၀မ်းပျော့စေသည်။ အူမကြီးကို လှုပ်ရှားစေသဖြင့် ၀မ်းသွားစေသည်။ ကင်ဆာရောဂါ အထူးကာကွယ်နိုင်စွမ်း ရှိသည်။ ပိုးသတ်သည်။ သွေးတွင်း အဆီဓာတ် ကျဆင်းစေ၍ နှလုံးနှင့် ဦးနှောက်သွေးကြောဆိုင်ရာရောဂါ ကာကွယ်သည်။ ကုသသည်။
ကြွက်နားရွက်မှို
သွေးကျဲစေ၍ နှလုံးနှင့် ဦးနှောက်သွေးကြောဆိုင်ရာ ရောဂါအတွက် အထူးကောင်းမွန်သည်။ သွက်ချက်ပါဒဖြစ်ခြင်းမှ ကာကွယ်သည်။
စိမ်းပြာရေညှိ
အာဟာရဓာတ် အထူးပြည့်စုံ၍ အထူးစားသင့်သည်။ ဆီးချိုသမား အထူးမှီဝဲရန်။ သွေးချို၊ ဆီးချိုနှင့် သွေးတွင်းအဆီဓာတ် ကျဆင်းစေ၍ သွေးကြောဆိုင်ရာ ရောဂါများ ကာကွယ်သည်။ ပျောက်ကင်းသည်။

ဆေးလဲအစာ၊ အစာလဲဆေး
ပဲပုပ်ပဲ
ခန္ဓာကိုယ်အတွက် ပရိုတိန်းဓာတ် အထူးဖြည့်ဆည်းပေးသည်။ ကင်ဆာ ကာကွယ်သည်။ ရင်သားကင်ဆာ ကာကွယ်သည်။ စအိုပြွန်ကင်ဆာ၊ အူမကြီးကင်ဆာ သက်သာပျောက်ကင်းစေသည်။
ဒန့်သလွန်သီး
ပိုးသတ်သည်။ အာဖရိကမှာ ၎င်းကို ရေသန့်စင်ရာမှာ အသုံးပြုသည်။
မျောက်ဥ၊ အာလူး၊ ကန်စွန်းဥ
ရေဓာတ်၊ အချိုဓာတ်နှင့် အဆီဓာတ်ကို စုပ်သဖြင့် ဆီးချိုနှင့် အစာလမ်းကြောင်းကင်ဆာ ပျောက်ကင်းစေသည်။
ပြောင်းဖူး (အရင့်)
သွေးတိုးကျစေသည်။ သွေးလွှတ်ကြော ပျော့စေသည်။
ခရမ်းချဉ်သီး
ကင်ဆာရောဂါ ကာကွယ်သည်။ သားအိမ်ကင်ဆာနှင့် ပန်ကရိယကင်ဆာ ကာကွယ်သည်။
ငါး
အစာကြေလွယ်သည်။ အဆီဓာတ်နည်းသည်။ ငါးကို ပိုမို၍ စားပါ။
ရယ်မောခြင်း
ဆေးဘုရင် ဖြစ်သည်။ တန်ဖိုး မဖြတ်နိုင်သော ဆေးတစ်ပါး ဖြစ်သည်။
ဂျင်း
လည်ချောင်းနာ သက်သာစေပြီး၊ အစာအိမ် မအီမသာဖြစ်ခြင်းမှ သက်သာစေပါသည်။
စပျစ်သီး
အအေးစာ ဖြစ်သည်။ လည်ချောင်းနာ၊ နှာခေါင်းနှင့် လည်ချောင်းကင်ဆာ၊ အဆုတ်ကင်ဆာ၊ အသည်းရောဂါ၊ ကျောက်ကပ်ရောဂါ၊ သွားရောဂါ၊ သွေးလွှတ်ကြော မာကျောခြင်း၊ နှာစေးချောင်းဆိုးခြင်းများ သက်သာစေသည်။ ခွဲစိတ်မှုပြုလုပ်ပြီးသူများ အနာကျက်မြန်ခြင်း ဖြစ်စေသည်။ လှချင်သူများသည် စပျစ်သီး စားပေးသင့်သည်။ အသားအရေ လျော့ရဲမှု ကာကွယ်ခြင်းနှင့် ဖြူဖွေးခြင်း ဖြစ်စေသည်။
ရွှေဖရုံသီး
အသည်းနှင့် ကျောက်ကပ်၏ ဆဲလ်အသစ်များ ပေါက်ဖွားခြင်းကို အားပေးသည်။ ရွှေဖရုံသီး စားပေးခြင်းဖြင့် ပန်ကရိယက Insulin ထုတ်လွှတ်မှု တိုးပွားနိုင်ပြီး ဆီးချိုရောဂါအတွက် အထူးကောင်းမွန်သည်။ သွေးလွှတ်ကြော မာကြောခြင်းနှင့် ကော်လက်စထရော မြင့်မားခြင်း သက်သာစေသည်။ ဆီးရွှင်စေသဖြင့် ကျောက်ကပ်မှာ ကျောက်တည်ခြင်းနှင့် ဆီးအိမ်မှာ ကျောက်တည်ခြင်းကြောင့် ဖြစ်ပေါ်သော ကျောက်ကို အရည်ပျော်ဝင်စေသည်။ အသည်းခြောက်ရောဂါနှင့် ကျောက်ကပ်ရောင်ခြင်းများကို သက်သာစေပါသည်။

ကျင့်ဝတ်များ
သားသမီးကျင့်ဝတ် ၅ ပါး
ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ၊ မွေခံထိုက်စေ။ လှူမျှဝေ၍၊ စောင့်လေမျိုးနွယ်၊ ၀တ်ငါးသွယ်၊ ကျင့်ဖွယ် သားတို့တာ။
(၁) မိဘတို့ကို လုပ်ကျွေးခြင်း။
(၂) မိဘတို့၏ အမှုကိစ္စကို ဆောင်ရွက်ခြင်း။
(၃) မိဘစကားကို နားထောင်၍ မိဘတို့အမွေကို ခံထိုက်အောင် ပြုလုပ်ခြင်း။
(၄) မိဘတို့ ကွယ်လွန်သောအခါ မိဘတို့အတွက် ရည်စူး၍ ကုသိုလ်ပြုလုပ် အမျှပေးဝေခြင်း။
(၅) မိဘတို့၏ မျိုးနွယ် အမျိုးဘာသာ သာသနာကို စောင့်ရှောက်ရခြင်း။
မိဘကျင့်ဝတ် ၅ ပါး
မကောင်းမြစ်ထာ၊ ကောင်းရာညွှန်လတ်၊ အတတ်သင်စေ၊ ပေးဝေနှီးရင်း၊ ထိမ်းမြားခြင်းလျှင်၊ ၀တ်ငါးအင်၊ ဖခင်မယ်တို့တာ။
(၁) မကောင်းမှုများကို တားမြစ်ခြင်း။
(၂) ကောင်းမှု ကောင်းရာများကို ညွှန်ပြခြင်း။
(၃) အတတ်ပညာ သင်ကြားပေးရခြင်း။
(၄) ရင်းနှီးလုပ်ကိုင်စားဖို့ရန် ပေးရခြင်း။
(၅) လက်ထပ်ထိမ်းမြားပေးရခြင်း။
တပည့်ကျင့်ဝတ် ၅ ပါး
ညီညာထကြွ၊ ဆုံးမနာယူ၊ လာမူကြိုဆီး၊ ထံနီးလုပ်ကျွေး၊ သင်တွေးအံရွတ်၊ တပည့်ဝတ်၊ မချွတ်ငါးခုသာ။
(၁) ဆရာသင်ကြား ဆုံးမသမျှကို လေးစားစွာ ဂရုတစိုက် နားခံမှတ်သားရခြင်း။
(၂) ဆရာလာသောအခါ ညီညာစွာ မတ်တတ်ရပ်လျက် ခရီးဦးကြိုဆိုရခြင်း။
(၃) ဆရာ့ထံပါး ဆည်းကပ်ခစားရခြင်း။
(၄) ဆရာ့ထံပါးဝယ် ပြုဖွယ်ကိစ္စများကို ပြုလုပ်ပေးရခြင်း။
(၅) ဆရာသင်ပေးပြီးသော သင်ခန်းစာများကို လေးစားစွာ တွေးတောကြံစည် သင်အံလေ့ကျက် နှုတ်တက်ရွတ်ဆိုရခြင်း။
ဆရာ့ကျင့်ဝတ် ၅ ပါး
အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာအပ်ပို့၊ ဆရာတို့၊ ကျင့်ဖို့ဝတ်ငါးဖြာ။
(၁) သိသင့်သမျှ အတတ်ပညာများကို သင်ကြားပေးရခြင်း။
(၂) ဆုံးမသြ၀ါဒပေး၍ ပြုပြင်ပေးရခြင်း။
(၃) မိမိတတ်သမျှ အကုန်သင်ပေးရခြင်း။
(၄) တပည့်များ ဘေးအန္တရာယ်မဖြစ်စေရန် ကြိုတင်တားဆီး ကာကွယ်ပေးရခြင်း။
(၅) မိမိထက် ကျေးဇူးပြုနိုင်မည့် ဆရာ့ထံသို့ အပ်နှံပေးရခြင်း။
လင်ကျင့်ဝတ် ၅ ပါး
မထီမဲ့ကင်း၊ အပ်နှင်းဥစ္စာ၊ မိစ္ဆာမမှား၊ ၀တ်စားဆင်ယင်၊ မြတ်နိုးကြင်၊ ငါးအင်လင်ကျင့်ရာ။
(၁) မိမိမယားအား မထီလေးစား မပြုလုပ်ရခြင်း။
(၂) မိမိရှာဖွေရသမျှ ဥစ္စာများကို အပ်နှံရခြင်း။
(၃) အခြားမိန်းမများနှင့် ဖောက်ပြားကျူးလွန်မှု မရှိရခြင်း။
(၄) အ၀တ်အစားများကို ဆင်ယင်ပေးရခြင်း။
(၅) မြတ်နိုးကြင်နာစွာ ဆက်ဆံရခြင်း။
မယားကျင့်ဝတ် ၅ ပါး
အိမ်တွင်းမှုထုပ်၊ သိမ်းထုပ်သေချာ၊ မိစ္ဆာကြည်ရှောင်၊ လျော်အောင်ဖြန့်ချိ၊ ပျင်းရိမမူ၊ ၀တ်ငါးဆူ၊ အိမ်သူကျင့်အပ်စွာ။
(၁) အိမ်တွင်းမှုလုပ်ငန်းကိစ္စကို အဆင်ပြေစေရန် စီမံပြုလုပ်ရခြင်း။
(၂) မိမိလင်ယောက်ျား အပ်နှံလာသော ဥစ္စာများကို စနစ်တကျ သိမ်းဆည်းထိန်းသိမ်းထားရခြင်း။
(၃) မိမိယောက်ျားမှတစ်ပါးသော ယောက်ျားတို့နှင့် မမှားယွင်း မဖောက်ပြန်ရခြင်း။
(၄) မိမိဘက်ဆွေမျိုး၊ လင်ဘက်ဆွေမျိုးတို့၌ မျှမျှတတ ပေးကမ်းရခြင်း။
(၅) လုပ်ငန်းကိစ္စ အ၀၀၌ ပျင်းရိခြင်းကင်း၍ ကျွမ်းကျင်ရခြင်း။
မိတ်ဆွေကျင့်ဝတ် ၅ ပါး
ပေးကမ်းချီးမြှင့်၊ ကိုယ်နှင့်ယှဉ်ထား၊ စီးပွားဆောင်ရွက်၊ နှုတ်မြွက်ချိုသာ၊ သစ္စာမှန်စေ၊ ၀တ်ငါးထွေ၊ ကျင့်လေ မိတ်သဟာ။
(၁) မိမိတတ်နိုင်သလောက် ပေးကမ်းချီးမြှင့်ခြင်း။
(၂) ကိုယ့်အောက်သို့ မနှိမ့်ချမူ၍ ကိုယ်နှင့်တန်းတူထားကာ ဆက်ဆံခြင်း။
(၃) နှစ်ဦးနှစ်ဝ ကြီးပွားရန်အတွက် စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ခြင်း။
(၄) ပြောဆိုဆက်ဆံရာ၌ စကားအရာ ပြေပြစ်ချိုသာစွာ ပြောရခြင်း။
(၅) စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရာတွင် သစ္စာဖောက်ဖျက်မှုမရှိဘဲ မှန်ကန်တိကျခြင်း။

Sunday, January 29, 2012
လူ့ဘဝတစ်သက်က စာဖတ်တဲ့တစ်သက်ဖြစ်တယ်။
ငယ်ငယ်လေးကစ ကြီးပြင်းအိုမင်းသေဆုံးတဲ့အ ထိ စာဖတ်ကြတယ်။
အသိပညာက စာအုပ်ကြီးတစ်အုပ်ဖြစ်တယ်။
နှစ်လရာသီက စာအုပ်ကြီးတစ်အုပ်ဖြစ်တယ်။
သဘာဝက စာအုပ်ကြီးတစ်အုပ်ဖြစ်တယ်။
လူ့ဘဝဆိုတာ ပိုကြီးပိုထူတဲ့စာအုပ်ဖြစ်တ ယ်။
လူ့ဘဝဆိုတဲ့စာအုပ်ကို နေ့တိုင်းဖတ်ရတယ်။ တစ်သက်လုံးလည်း ဖတ်လို့မကုန်နိုင်ခဲ့ဘူး။ ရောက်ရာအရပ်မှာ ဖတ်တယ်။ အသက်သေဆုံးတဲ့အထိ ဖတ်တယ်။ မဖတ်တာပဲရှိမယ်... ဖတ်စရာမရှိဘူးဆိုတာတော့ မရှိဘူး။ ဖတ်လို့မကုန်နိုင်သလို ဖတ်ပြီး အသိပညာမရဘူးဆိုတာလည်း မရှိဘူး။ ဖတ်လေ အကျိုးရှိလေဖြစ်တယ်။
အချစ်ကိုဖတ်ရင် အချစ်ကိုသိတယ်။ အမုန်းကိုဖတ်ရင် အမုန်းကိုသိတယ်။ လူကိုဖတ်ရင် လူကိုသိတယ်။ လူတစ်ယောက်ကိုဖတ်တာဟာ စာအုပ်တစ်အုပ်ကို ဖတ်သလိုပါပဲ။ မြင့်မြတ်ခြင်း၊ သစ္စာရှိခြင်းကို ဖတ်တယ်ဆိုတာ စန္ဒားရားပေါ် လမ်းလျှောက်သလိုပဲ လှမ်းလိုက်တဲ့ခြေလှမ်းတိုင်းမှာ နားဝင်ချိုတဲ့ သံစဉ်တွေထွက်တယ်။ မုသားကိုဖတ်တယ်၊ သစ္စာမဲ့တာကိုဖတ်တယ်ဆိုတာ ရွံ့နွံထဲလမ်းလျှောက်သလိုပဲ လှမ်းလိုက်တဲ့ခြေလှမ်းတိုင်းမှာ ညစ်ပတ်တဲ့ ရွံ့နွံတွေကပ်ညှိလို့နေတယ်။
ယောက်ျားကို ဖတ်တယ်။ မိန်းမကို ဖတ်တယ်။
မိန်းမဆိုတာ ယောက်ျားတွေအတွက် လောကမှာ အကြိမ်တစ်ရာဖတ်လည်း ဖတ်မငြီးတဲ့ စာအုပ်ကောင်းတစ်အုပ်ဖြစ်တယ် ။ ယောက်ျားဆိုတာ မိန်းမတွေအတွက် လောကမှာ အကြိမ်တစ်ရာဖတ်လည်း ဖတ်မငြီးတဲ့စာအုပ်ကောင်းတစ် အုပ်ဖြစ်တယ်။ ဒီစာအုပ်ကို နားလည်အောင်ဖတ်နိုင်ခဲ့ရင် သင့်တစ်သက်က ပျော်ရွှင်ခြင်းနဲ့ ပြည့်စုံနေလိမ့်မယ်။
အထီးကျန်ခြင်းကို နားလည်အောင်ဖတ်နိုင်တဲ့သူတွေဟာ အထီးမကျန်တော့ဘူး။
စိတ်ညစ်ခြင်းကို နားလည်အောင်ဖတ်နိုင်တဲ့သူတွေဟာ စိတ်မညစ်တော့ဘူး။
နာကျင်ခြင်းကို နားလည်အောင်ဖတ်နိုင်တဲ့သူတွေဟာ မနာကျင်တော့ဘူး။
ချစ်ခြင်းမေတ္တာကို နားလည်အောင်ဖတ်နိုင်တဲ့သူတွေဟာ ချစ်ခြင်းမေတ္တာ တိုးပွားတယ်။ ပျော်ရွှင်ခြင်းကို နားလည်အောင်ဖတ်နိုင်တဲ့သူတွေဟာ ပိုပျော်ရွှင်တယ်။
မည်းမှောင်တဲ့မိုးနေ့ထဲကနေ နေထွက်တဲ့နေ့ကိုဖတ်တယ်။
ညအမှောင်ထဲကနေ တိမ်ပြာပြာနေ့ကိုဖတ်တယ်။
ရော်ရွက်ဝါထဲကနေ ရွက်နုဝေတာကိုဖတ်တယ်။
သဲကန္တာရထဲကနေ အိုအေစစ်ကိုဖတ်တယ်။
ဒီလိုဆိုရင် သာမန်လူမရနိုင်တဲ့ စိတ်ကူးအကြံကို သင်ရလိမ့်မယ်။
လောကမှာ ဖတ်ရအခက်ခဲဆုံးက လူ့စိတ်ဖြစ်တယ်။ နောက်ပြီး သင်ကိုယ်တိုင်ဖြစ်တယ်။ တခြားလူကို သင်နားလည်အောင် ဖတ်နိုင်ပေမယ့် သင့်ကိုယ်သင် နားလည်အောင်ဖတ်ဖို့ခက်တယ်။ လူ့ဘဝရဲ့တစ်သက်ဟာ စာဖတ်တဲ့တစ်သက်ဖြစ်ရုံမက ကိုယ့်ကိုယ်ကိုဖတ်တာလည်းဖြစ်တယ်။ အရေးကြီးတာက ကိုယ့်ကိုယ်ကိုနားလည်အောင် ဖတ်ပြီး ကိုယ့်ကိုယ်ကို ချစ်မြတ်နိုးတတ်ဖို့ဖြစ်တယ် ။ ကိုယ့်ကိုယ်ကို အရင်မြတ်နိုးတတ်မှ တခြားလူကိုမြတ်နိုး၊ တန်ဖိုးထားတတ်မှာဖြစ်တယ်။
(99sanay)
ငယ်ငယ်လေးကစ ကြီးပြင်းအိုမင်းသေဆုံးတဲ့အ
အသိပညာက စာအုပ်ကြီးတစ်အုပ်ဖြစ်တယ်။
နှစ်လရာသီက စာအုပ်ကြီးတစ်အုပ်ဖြစ်တယ်။
သဘာဝက စာအုပ်ကြီးတစ်အုပ်ဖြစ်တယ်။
လူ့ဘဝဆိုတာ ပိုကြီးပိုထူတဲ့စာအုပ်ဖြစ်တ
လူ့ဘဝဆိုတဲ့စာအုပ်ကို နေ့တိုင်းဖတ်ရတယ်။ တစ်သက်လုံးလည်း ဖတ်လို့မကုန်နိုင်ခဲ့ဘူး။ ရောက်ရာအရပ်မှာ ဖတ်တယ်။ အသက်သေဆုံးတဲ့အထိ ဖတ်တယ်။ မဖတ်တာပဲရှိမယ်... ဖတ်စရာမရှိဘူးဆိုတာတော့ မရှိဘူး။ ဖတ်လို့မကုန်နိုင်သလို ဖတ်ပြီး အသိပညာမရဘူးဆိုတာလည်း မရှိဘူး။ ဖတ်လေ အကျိုးရှိလေဖြစ်တယ်။
အချစ်ကိုဖတ်ရင် အချစ်ကိုသိတယ်။ အမုန်းကိုဖတ်ရင် အမုန်းကိုသိတယ်။ လူကိုဖတ်ရင် လူကိုသိတယ်။ လူတစ်ယောက်ကိုဖတ်တာဟာ စာအုပ်တစ်အုပ်ကို ဖတ်သလိုပါပဲ။ မြင့်မြတ်ခြင်း၊ သစ္စာရှိခြင်းကို ဖတ်တယ်ဆိုတာ စန္ဒားရားပေါ် လမ်းလျှောက်သလိုပဲ လှမ်းလိုက်တဲ့ခြေလှမ်းတိုင်
ယောက်ျားကို ဖတ်တယ်။ မိန်းမကို ဖတ်တယ်။
မိန်းမဆိုတာ ယောက်ျားတွေအတွက် လောကမှာ အကြိမ်တစ်ရာဖတ်လည်း ဖတ်မငြီးတဲ့ စာအုပ်ကောင်းတစ်အုပ်ဖြစ်တယ်
အထီးကျန်ခြင်းကို နားလည်အောင်ဖတ်နိုင်တဲ့သူတေ
စိတ်ညစ်ခြင်းကို နားလည်အောင်ဖတ်နိုင်တဲ့သူတေ
နာကျင်ခြင်းကို နားလည်အောင်ဖတ်နိုင်တဲ့သူတေ
ချစ်ခြင်းမေတ္တာကို နားလည်အောင်ဖတ်နိုင်တဲ့သူတေ
မည်းမှောင်တဲ့မိုးနေ့ထဲကနေ နေထွက်တဲ့နေ့ကိုဖတ်တယ်။
ညအမှောင်ထဲကနေ တိမ်ပြာပြာနေ့ကိုဖတ်တယ်။
ရော်ရွက်ဝါထဲကနေ ရွက်နုဝေတာကိုဖတ်တယ်။
သဲကန္တာရထဲကနေ အိုအေစစ်ကိုဖတ်တယ်။
ဒီလိုဆိုရင် သာမန်လူမရနိုင်တဲ့ စိတ်ကူးအကြံကို သင်ရလိမ့်မယ်။
လောကမှာ ဖတ်ရအခက်ခဲဆုံးက လူ့စိတ်ဖြစ်တယ်။ နောက်ပြီး သင်ကိုယ်တိုင်ဖြစ်တယ်။ တခြားလူကို သင်နားလည်အောင် ဖတ်နိုင်ပေမယ့် သင့်ကိုယ်သင် နားလည်အောင်ဖတ်ဖို့ခက်တယ်။ လူ့ဘဝရဲ့တစ်သက်ဟာ စာဖတ်တဲ့တစ်သက်ဖြစ်ရုံမက ကိုယ့်ကိုယ်ကိုဖတ်တာလည်းဖြစ
(99sanay)
Friday, January 27, 2012

အထီးကျန်ဆန်ခဲ့ဖူးသလား?
ပျော်ရွှင်တဲ့ အရသာကို ခံစားခဲ့ဖူးသလား?
အထီးကျန်တယ်၊ ပျော်ရွှင်တယ်ဆိုတာ နှိုင်းယှဉ်မှုတွေကိုပြတဲ့
နာမဝိသေသနတွေဖြစ်တယ်။ အထီးကျန်တာကို မခံစားဖူးရင် ပျော်ရွှင်တဲ့အရသာကို
ဘယ်လာခံစားတတ်မလဲ? လူတွေကလည်း လူတွေပါပဲ.. လက်လွတ်ရခါနီးမှ၊ လက်လွတ်သွားမှ
တန်ဖိုးထားရကောင်းမှန်း သိတော့တယ်။ တကယ်တော့ ပျော်ရွှင်ခြင်းက
ကိုယ်နဲ့အနီးဆုံး နေရာမှာ အမြဲရှိနေခဲ့ပါတယ်။
ဗိုက်အရမ်းဆာတဲ့အချိန် ခေါက်ဆွဲခြောက်လေးတ ...စ်ထုပ် ရှိတာလဲ ပျော်ရွှင်ခြင်းပဲ
အရမ်းမောပန်းနွမ်းနယ်တဲ့အချိန် ကျောခင်းစရာ နေရာလေးတစ်ခုရှိတာလဲ ပျော်ရွှင်ခြင်းပဲ
အားရပါးရ ငိုနေတဲ့အချိန် ဘေးမှာရှိတဲ့ လူတစ်ယောက်က တစ်ရူးလေးတစ်ရွက် ကမ်းပေးလာတာလဲ ပျော်ရွှင်ခြင်းပဲ
မနက်နိုးလာတာနဲ့ လှပတဲ့ နေရောင်ခြည်ကို တွေ့နိုင်တာလဲ ပျော်ရွှင်ခြင်းပါပဲ။
ပျော်ရွှင်ခြင်းမှာ တိကျတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေ မရှိခဲ့ဘူး။
သာမန်ကိစ္စလေး တစ်ခုလည်း ပျော်ရွှင်ခြင်းတွေ ပေးဆောင်နိုင်ပါတယ်။ ဘယ်လောက်အထိ
ပျော်ရွှင်သလဲ? ပျော်ရွှင်ခြင်းရဲ့ အတိုင်းအတာကို
ကိုယ့်ရဲ့ရောင့်ရဲတဲ့စိတ်နဲ့ပဲ ခန့်မှန်းဆုံးဖြတ်နိုင်ပါတယ်။
သူငယ်ချင်းတို့ရဲ့ စိတ်မှာ ပျော်ရွှင်ခြင်းတွေ ပြည့်နေခဲ့ပြီလား? ဒါမှမဟုတ် စိတ်ပျက်ခြင်းတွေနဲ့ ပြည့်နေခဲ့သလား?
ပျော်ရွှင်ခြင်းတွေ တံခါးလာခေါက်တဲ့အခါ ကိုယ့်ရင်ခွင်တံခါးကို
ကျယ်ကျယ်ဖွင့်ထားပေးပါ။ ပျော်ရွှင်ခြင်းတွေ ကိုယ့်ရင်ဘတ်ထဲ အလုံးအရင်းနဲ့
ဝင်ရောက်နိုင်ပါစေ....
(99sanay)
ပျော်ရွှင်တဲ့ အရသာကို ခံစားခဲ့ဖူးသလား?
အထီးကျန်တယ်၊ ပျော်ရွှင်တယ်ဆိုတာ နှိုင်းယှဉ်မှုတွေကိုပြတဲ့ နာမဝိသေသနတွေဖြစ်တယ်။ အထီးကျန်တာကို မခံစားဖူးရင် ပျော်ရွှင်တဲ့အရသာကို ဘယ်လာခံစားတတ်မလဲ? လူတွေကလည်း လူတွေပါပဲ.. လက်လွတ်ရခါနီးမှ၊ လက်လွတ်သွားမှ တန်ဖိုးထားရကောင်းမှန်း သိတော့တယ်။ တကယ်တော့ ပျော်ရွှင်ခြင်းက ကိုယ်နဲ့အနီးဆုံး နေရာမှာ အမြဲရှိနေခဲ့ပါတယ်။
ဗိုက်အရမ်းဆာတဲ့အချိန် ခေါက်ဆွဲခြောက်လေးတ ...စ်ထုပ် ရှိတာလဲ ပျော်ရွှင်ခြင်းပဲ
အရမ်းမောပန်းနွမ်းနယ်တဲ့အချိန် ကျောခင်းစရာ နေရာလေးတစ်ခုရှိတာလဲ ပျော်ရွှင်ခြင်းပဲ
အားရပါးရ ငိုနေတဲ့အချိန် ဘေးမှာရှိတဲ့ လူတစ်ယောက်က တစ်ရူးလေးတစ်ရွက် ကမ်းပေးလာတာလဲ ပျော်ရွှင်ခြင်းပဲ
မနက်နိုးလာတာနဲ့ လှပတဲ့ နေရောင်ခြည်ကို တွေ့နိုင်တာလဲ ပျော်ရွှင်ခြင်းပါပဲ။
ပျော်ရွှင်ခြင်းမှာ တိကျတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေ မရှိခဲ့ဘူး။ သာမန်ကိစ္စလေး တစ်ခုလည်း ပျော်ရွှင်ခြင်းတွေ ပေးဆောင်နိုင်ပါတယ်။ ဘယ်လောက်အထိ ပျော်ရွှင်သလဲ? ပျော်ရွှင်ခြင်းရဲ့ အတိုင်းအတာကို ကိုယ့်ရဲ့ရောင့်ရဲတဲ့စိတ်နဲ့ပဲ ခန့်မှန်းဆုံးဖြတ်နိုင်ပါတယ်။
သူငယ်ချင်းတို့ရဲ့ စိတ်မှာ ပျော်ရွှင်ခြင်းတွေ ပြည့်နေခဲ့ပြီလား? ဒါမှမဟုတ် စိတ်ပျက်ခြင်းတွေနဲ့ ပြည့်နေခဲ့သလား?
ပျော်ရွှင်ခြင်းတွေ တံခါးလာခေါက်တဲ့အခါ ကိုယ့်ရင်ခွင်တံခါးကို ကျယ်ကျယ်ဖွင့်ထားပေးပါ။ ပျော်ရွှင်ခြင်းတွေ ကိုယ့်ရင်ဘတ်ထဲ အလုံးအရင်းနဲ့ ဝင်ရောက်နိုင်ပါစေ....
(99sanay)
Thursday, January 26, 2012
တိမ်ဖြူ တဖြေးဖြေးလွှင့်ပါးသွားတာကို
ကောင်းကင်ကြီး သတိမထားခဲ့မိဘူး။
ဒီရေ တဖြေးဖြေးထွက်ခွာသွားတာကို
သဲသောင်ပြင် သတိမထားခဲ့မိဘူး။
လရောင်တဖြေးဖြေး ကွယ်ပျောက်သွားတာကို
ညအမှောင် သတိမထားခဲ့မိဘူး။
အချစ် တဖြေးဖြေးလျော့ပါးလာတာကို
ငါတို့ သတိမထားခဲ့မိဘူး။
ဘယ်နေရာမှာ ဘာတွေမှားခဲ့တယ်ဆိုပြီး
အရာအားလုံးကို နှုတ်ဆိတ်တိတ်ဆိတ်စေခဲ့တယ်။
နင်က ပြောတယ်...
နင်ထွက်ခွာမသွားပါဘူးတဲ့
ဟုတ်ပါတယ်.. ငါ့ဘေးကနေ နင်ထွက်မသွားပါဘူး
"အချစ်"ကသာ ငါတို့ကို ခွဲထွက်သွားခဲ့တာပါ...

စောင့်မျှော်ခြင်း

စောင့်မျှော်ရတာက အကျင့်တစ်ခုလိုဖြစ်နေခဲ့ပြီ
စောင့်မျှော်ရင် ရောက်လာလိမ့်မယ်လို့ ခပ်ရိုးရိုးပဲ တွေးထားခဲ့မိတယ်
ဒါပေမယ့် စောင့်မျှော်ရင်းနဲ့
ပျော်ရွှင်ရမယ့်အပျော်တွေကို ငါတို့လက်လွတ်ခဲ့ကြတယ်
လက်လွတ်ခဲ့ပြီးမှ ဘာကြောင့် အစကတည်းက မဖမ်းဆုပ်လိုက်သလဲလို့ ငါတို့နောင်တရတယ်။
... တကယ်တော့
စောင့်မျှော်တယ်ဆိုတာ နဂိုကတည်းက ရယ်စရာကောင်းတဲ့အမှားတစ်ခုပါ
ရောက်လာနိုင်မှန်း၊ မရောက်လာနိုင်မှန်းမသိတဲ့ ပျော်ရွှင်ခြင်းတစ်ခုကို
စောင့်မျှော်ဖို့ ငါတို့အကျင့်ပါနေခဲ့တယ်...

အထီးကျန်မျှော်လင့်ချက်

တကယ်လို့ ငိုကြွေးခြင်းက ရင်ဖွင့်နည်းတစ်မျိုးဆိုရင်
အောင့်အီးမထားပါနဲ့တော့
မျက်ရည်က တစ်ခါတလေမှာ ပျော့ညံ့ခြင်းတွေကို ဆေးကြောပစ်နိုင်ပါတယ်။
တကယ်လို့ အထီးကျန်ခြင်းက အခြေအနေတစ်မျိုးဆိုရင်
... တိတ်ဆိတ်မနေပါနဲ့တော့
ကိုယ်ကိုယ်တိုင်အသံထွက်မှ ကိုယ့်နေရာ၊ ကိုယ့်တန်ဖိုးကို ရှာတွေ့နိုင်မှာဖြစ်တယ်။
တကယ်လို့ စွန့်လွှတ်ခြင်းက လွှတ်မြောက်မှုတစ်မျိုးဆိုရင်
ခေါင်းမာတင်းခံမနေပါနဲ့တော့
လက်လွတ်သင့်ချိန် လွှတ်ချရက်မှ၊ လှည့်ထွက်သင့်ချိန် လှည့်ထွက်ရက်မှ
ရှေ့ဆက်လမ်းကို လွတ်လွတ်လပ်လပ်၊ ငြိမ်းငြိမ်းချမ်းချမ်း ဆက်လှမ်းနိုင်မှာဖြစ်တယ်။
ဘဝကို မျက်ရည်အဝဲသားနဲ့ ငါတို့ခရီးဆက်ရလည်း
မထင်မှတ်တဲ့အချိန်မှာ ဘဝက ငါတို့ကို အပြုံးတွေပေးပါလိမ့်မယ်။

ချစ်မိသွားခဲ့တယ်
အးခဲတာကို ငါကြောက်တယ်.. ဒါပေမယ့် နှင်းကို ငါချစ်မိသွားတယ်။
မှောင်မည်းတာကို ငါကြောက်တယ်... ဒါပေမယ့် ညကို ငါချစ်မိသွားတယ်။
နာကျင်တာကို ငါကြောက်တယ်... ဒါပေမယ့် ဒဏ်ရာအထပ်ထပ်ဖြစ်အောင် ငါ့ကိုယ်ငါညှင်းဆဲတယ်။
ဆူညံတာကို ငါမနှစ်သက်ဘူး... အထီးကျန်မှာကို ငါကြောက်ပြန်တယ်။
နင့်ကိုငါ ချစ်မိသွားတယ်... တစ်နေ့ နင်လှည့်ထွက်သွားမှာကို ငါကြောက်မိပြန်တယ်။
... နင်ဟာ ငါ့ရဲ့နွေဦးရာသီလို့ ငါထင်ခဲ့တယ်။
လှပတဲ့နွေဦးရာသီလို နွေးထွေးခြင်းတွေ နင်သယ်လာလိမ့်မယ်လို့ ထင်ခဲ့မိတယ်။
ပျော်ရွှင်ခြင်းကို ငါလိုချင်တယ်...ဒါပေမယ့် နင့်အတွက်နဲ့ မျက်ရည်တွေ ငါအခါခါကျပေါ့ကွယ်..

တကယ်လို့ သင်ငိုရင် သင့်တစ်ယောက်တည်းပဲ ငိုရလိမ့်မယ်။
ဘယ်သူ့ကမှ သင့်ရဲ့ပျော့ညံ့ချက်ကို အလေးထား ဂရုစိုက်မှာမဟုတ်ဘူး။
သန်မာကြံ့ခိုင်ဖို့ သင်ကိုယ်တိုင် ဖြေးဖြေးချင်းသင်ယူရတယ်။
တကယ်လို့ သင်ရယ်ရင် တလောကလုံးက သင်နဲ့အတူလိုက်ရယ်လိမ့်မယ်။
... လောကကြီးကို သင် နေတစ်စင်းပေးရင် လောကကြီးက သင့်ကို ကြည်လင်တဲ့ကောင်းကင် ပြန်ပေးလိမ့်မယ်။
အချိန်တော်တော်များများမှာ ကျွန်မတို့ဟာ အဖော်မဲ့ခြင်းထဲမှာ လျှောက်လှမ်းကြတယ်။ အထီးကျန်ခြင်းထဲမှာ တွေးတောကြတယ်။
သင့်စိတ်ကို ဖတ်နိုင်မယ့်သူကို မမျှော်လင့်ပါနဲ့။
သင့် စိတ်ကူးအတွေးကို သဘောတူမယ့်သူကို မစောင့်စားပါနဲ့။
လောကရဲ့လမ်းပေါ်မှာ သင်လျှောက်လှမ်းနေတယ်... လောကကြီးက သင့်ကိုကောင်းကင်ကြီးတစ်ခုလုံး ပေးထားတယ်ဆိုတာကိုတော့
သင်နားလည်ထားစေချင်တယ်။
(99sanay)
တကယ်လို့ သင်ငိုရင် သင့်တစ်ယောက်တည်းပဲ ငိုရလိမ့်မယ်။
ဘယ်သူ့ကမှ သင့်ရဲ့ပျော့ညံ့ချက်ကို အလေးထား ဂရုစိုက်မှာမဟုတ်ဘူး။
သန်မာကြံ့ခိုင်ဖို့ သင်ကိုယ်တိုင် ဖြေးဖြေးချင်းသင်ယူရတယ်။
တကယ်လို့ သင်ရယ်ရင် တလောကလုံးက သင်နဲ့အတူလိုက်ရယ်လိမ့်မယ်။
... လောကကြီးကို သင် နေတစ်စင်းပေးရင် လောကကြီးက သင့်ကို ကြည်လင်တဲ့ကောင်းကင် ပြန်ပေးလိမ့်မယ်။အချိန်တော်တော်များများမှာ ကျွန်မတို့ဟာ အဖော်မဲ့ခြင်းထဲမှာ လျှောက်လှမ်းကြတယ်။ အထီးကျန်ခြင်းထဲမှာ တွေးတောကြတယ်။
သင့်စိတ်ကို ဖတ်နိုင်မယ့်သူကို မမျှော်လင့်ပါနဲ့။
သင့် စိတ်ကူးအတွေးကို သဘောတူမယ့်သူကို မစောင့်စားပါနဲ့။
လောကရဲ့လမ်းပေါ်မှာ သင်လျှောက်လှမ်းနေတယ်... လောကကြီးက သင့်ကိုကောင်းကင်ကြီးတစ်ခုလုံး ပေးထားတယ်ဆိုတာကိုတော့
သင်နားလည်ထားစေချင်တယ်။
(99sanay)
လိုအပ်ချက်
ယောက်ျား/ အမျိုးသား......
ရိုမန်တစ်ဆန်ဖို့ မလိုပါဘူး။
ဒါပေမယ့် တာဝန်ယူမှုတော့ရှိရတယ်။
... ဝင်ငွေအများကြီးရှာဖို့ မလိုပါဘူး။
ဒါပေမယ့် မိသားစုကို ကျွေးမွေးရတယ်။
ဘာကိစ္စမဆို မိဘစကားနားထောင်ဖို့ မလိုပါဘူး။
ဒါပေမယ့် သားသမီးတို့ရဲ့ဝတ္တရားကို ကျေပွန်ရတယ်။
သူတော်ကောင်းကျင့်ဝတ်တွေပြည့်စုံဖို့ မလိုပါဘူး။
ဒါပေမယ့် မိန်းမ/ချစ်သူကိုတော့ ချစ်ခင်မြတ်နိုးရတယ်။
အရမ်းအောင်မြင်ကျော်ကြားဖို့ မလိုပါဘူး။
ဒါပေမယ့် မိသားစုကို အဖော်ပြုချိန်ရှိရတယ်။
သားသမီးတွေကို ပြုပြင်ပဲ့ကျောင်းဖို့ မလိုပါဘူး။
ဒါပေမယ့် သားသမီးတွေကို ချစ်ရတယ်။
ယောက်ျားမာန်မာနတွေ ရှိဖို့ မလိုပါဘူး။
ဒါပေမယ့် အရေးအရာကြုံလာရင် စိတ်ကူးအကြံဉာဏ်ရှိရတယ်။
(99sanay)
Thursday, January 19, 2012
ချစ်ခြင်းမေတ္တာနှင့် ကျမ်းမာရေး
လောကကြီးသာယာလှပဖို့အတွက်ချစ်ခြင်း မေတ္တာဟာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်. . လူတိုင်း
အချစ်နဲ့ မကင်းနိုင်ကြပါဘူး . . . တစ်ချိန်မဟုတ် တစ်ချိန်မှာတော့ အချစ်နဲ့ကြုံတွေ့ကြမှာပါ. . .
အချစ်ဆိုတာကို လူအမျိုးမျိုးက အဓိပ္ပါယ်အမျိုးမျိုး ဖွင့်ဆိုကြပေမယ့် တကယ်တမ်းမှာတော့ ဘယ်သူမှ ဘယ်လိုမှ ရှင်းပြလို့မရနိုင်
လောက်အောင် နက်နဲကတဲ့ ခံစားမှုမျိုးပါ . .
ချစ်ခြင်းမေတ္တာဟာ အန်မတန်ကိုမှ ဆန်းကြယ်လွန်းလှပါတယ် . . . ဆေးပညာရှုဒေါင့်က ကြည့်မယ်ဆိုရင်
တော့ တစ်စုံ တစ်ယောက်အပေါ်မှာ ချစ်မေတ္တာယိုစိမ့်တဲ့ အခါ ချစ်တဲ့သူမှာရော အချစ်ခံရသူမှာပါ စိတ်ပျော်ရွှင်ကြည်နူးကြရုံမျှ မက ကိုယ်ကျန်းမာရေးရော ၊
စိတ်ကျန်းမာရေးအတွက်ပါ အန်မတန် အကျိုးပြုတာကို တွေ့ရပါတယ် . . . .
ချစ်ခြင်းမေတ္တာနဲ့ ကျန်းမာရေးက အံ့အားသင့်ဖွယ် နည်းလမ်းတွေနဲ့ ဆက်စပ်မှုရှိနေတာ တွေ့ရပါတယ်
ချစ်ခြင်းမေတ္တာ ဟာ လူသားတွေကို ပျော်ရွှင်စေရုံမျှမက ကိုယ်ခံအားကောင်းစေကာ ရောဂါတွေ တိုက်ဖက်ပေးပါတယ်. . .
ဒါအပြင် တခြားကျန်းမာရေးအတွက် ကောင်းကျိုးများစွာလည်း ရှိပါတယ်. . . . ချစ်နေတဲ့သူနဲ့ အချစ်ခံရသူမှာ
ချစ်နေတဲ့သူက ကျန်းမာရေးအတွက် ကောင်းကျိုးကို ပိုခံစားရနိုင်ပါတယ်. . . .
ဒါပေမယ့် ချစ်တတ်ဖို့လည်း လိုတာပေါ့ နော်. .
ပိုင်ဆိုင်လိုစိတ်နဲ့ ချစ်ပါက သ၀န်တိုမှု၊ မနာလိုမှု နဲက တခြားသော သောကအပူမီးတွေ ပါလာနိုင်ပါတယ်.
. . ချစ်နေရရင်ပြီးရော ဆို ကာ မေတ္တာစစ်မေတ္တာမှန်နဲ့ ချစ်တတ်ပါမှ ကျန်းမာရေးအတွက်လည်း ကောင်းမွန်ပါတယ်. . .
အချစ်က ကျန်းမာရေးကို ဘယ်လိုအကျိုးပြုသလဲဆိုရင်. . .
* အချစ်က နုပျိုစေနိုင်တယ်
* အချစ်က အသက်ရှည်စေနိုင်တယ်
* အချစ်က ကိုယ်ခံအားကောင်းစေနိုင်တယ်
* အချစ်က သွေးတိုးကာကွယ်ပေးတယ်
* အချစ်က နှလုံးအတွက် ကောင်းစေတယ်
* အချစ်က ကိုလက်စထရောပမာဏ လျှော့ချပေးတယ်
* အချစ်က နာကျင်မှုကို သက်သာစေနိုင်တယ်.
* အချစ်က ညဏ်ကောင်းစေတယ်
* အချစ်က စိတ်ဖိစီးမှု လျော့နည်းစေတယ်
* အချစ်က ကျန်းမာရေးအလေ့အကျင့်ကောင်းတွေ ကို ရစေနိုင်တယ်တဲ့ . . . .
အဓိကကတော့ ဘာကာလာမှ မရော အချစ်သန့်သန့်လေးနဲ့ ချစ်တတ်ဖို့ပါပဲ . . .
ပိုင်ဆိုင်လိုစိတ်တွေက အပူမီးတောက်လောင်စေကာ အချစ်ကို အရောင်ဆိုးလိုက်သလို ကိုယ်ချစ်နေတဲ့ သူစိတ်ချမ်းသာ
ပျော်ရွှင်နေတာကို မြင်ရုံနဲ့ ကျေနပ် ပီတိစိတ်မွေးပါ. . . . မေတ္တာစစ် မေတ္တာမှန်နဲ့ ချစ်တတ်ပါက စိတ်ချမ်းသာ
ကိုယ်ကျန်းမာ ပြီး လောကကြီးက နေပျော်လာပါလိမ့်မယ် . . .

လက်လွတ်ခဲ့ပြီးမှ ဘာကြောင့် အစကတည်းက မဖမ်းဆုပ်လိုက်သလ...ဲလို့ ငါတို့နောင်တရတယ်။
တကယ်တော့
စောင့်မျှော်တယ်ဆိုတာ နဂိုကတည်းက ရယ်စရာကောင်းတဲ့အမှားတစ်ခုပါ
ရောက်လာနိုင်မှန်း၊ မရောက်လာနိုင်မှန်းမသိတဲ့ ပျော်ရွှင်ခြင်းတစ်ခုကို
စောင့်မျှော်ဖို့ ငါတို့အကျင့်ပါနေခဲ့တယ်...
(99sanay)
Wednesday, January 18, 2012
အိမ်ထောင်တစ်ခု
ဖတ်ခဲ့ဖူးတဲ့စာလေးတစ်ခုရှိခဲ့တယ် အရမ်းသဘောကျလို့ပြန်share ပေးလိုက်ပါတယ် ဘယ်သူရေးတာလဲတော့မမှတ်မိတော့ဘူး
ကိုယ့်ရွေးချယ်မှုတစ်ခုက ကိုယ့်ဘ၀တစ်ခုလုံးကို မသိမသာ ဖြေးဖြေးချင်းပြောင်းလဲသွားနိုင်တဲ့အရာ၊ ဘာတွေဘယ်လိုပြောင်းလဲမယ်ဆိုတာ တိတိကျကျဘယ်သူမျ မသိနိုင်တဲ့အရာ၊ အကောင်းဆုးဆိုတာကို ကိုယ်သတ်မှတ်တဲ့စံနဲ့ လွပ်လပ်စွာေ၇ွးချယ်ခွင့်လဲ ပေးထားတဲ့အရာ၊ အချစ်ဆိုတာကို ဓါးစာခံလုပ်ပြီး ရဲရဲကြီးစွန့်စားကြည့်ကြတဲ့အရာ၊ ပြီးသွားတဲ့အခါမှာ တိတ်ဆိတ်စွာ လူမသိ၊ သူမသိ တိတ်တိတ်လေး ကြေကွဲရတဲ့ ၊ ဒါမဟုတ် ပွင့်လင်းစွာ ပျော်ရွှင်ခွင့်ရတဲ့အရာ၊ ဒါမှမဟုတ်မချိသွားဖြဲ ဖြစ်ကြရတဲ့ အရာ၊ ထိုထိုသော အရာများ လူ့ဘ၀ရဲ့ တစ်ခုတည်းသော အရသာကတော့ အိမ်ထောင်ရေးပါဘဲ တဲ့
ယောင်္ကျားလေးရော မိန်းကလေးရော နှစ်ယောက်စလုံးက ဘာပဲဖြစ်ဖြစ် ကျေကျေနပ်နပ်ကြီး (ကျေကျေနပ်နပ်ကြီး)သည်းခံခွင့်လွှတ်နားလည်ကြမယ်ဆိုတဲ့ အချစ်မျိုးနဲ့ ချစ်နိုင်ပြီ ဆိုမှ အိမ်ထောင်ပြုပါတဲ့.....

(၁) ပြီးဆုံးသွားတဲ့စာမျက်နှာကို ပြန်မလှန်ချင်ရင် မလှန်တာက အကောင်းဆုံးပဲ။ ဖုန်သလိပ်တွေကြောင့် မျက်စိစပ်မှာ စိုးလို့ပါ။
(၂) တကယ်လို့ ရွေးချယ်ခွင့်ရှိခဲ့ရင် အမုန်းနဲ့ အချစ်တစ်ခုကို အဆုံးမသတ်ပါနဲ့။
(၃)
နောင်တဆိုတာ စိတ်ဓာတ်ကိုအနှောင့်အယှက်ပေးတဲ့ ခံစားချက်တစ်မျိုးဖြစ်တယ်။
နောင်တဆိုတာ ဆုံးရှုံးမှုထက် ပိုကြီးတဲ့ဆုံးရှုံးမှု၊ အမှားထက်
ပိုကြီးတဲ့မှားယွင်းမှုဖြစ်တယ်။ ဒါကြောင့် ဘယ်တော့မှ နောင်တ မရပါနဲ့။
(၄)
အချစ်က မီးအိမ်၊ သူငယ်ချင်းကအရိပ်ဆိုရင် မီးငြိမ်းသွားတဲ့အခါ
သင့်ပတ်လည်မှာ အရိပ်တွေပဲ ကျန်နေတာကို တွေ့ရလိမ့်မယ်။ သူငယ်ချင်းဆိုတာ
နောက်ဆုံးအချိန်ထိ သင့်ကို အားအင်တွေပေးတဲ့သူဖြစ်တယ်။
(၅)
အချစ်က ထမင်းဖြူနဲ့တူတယ်၊ ရိုမန်တစ်က စားပွဲခုံပေါ်က ဟင်းနဲ့တူတယ်။
ဆာလောင်နေချိန်မှာ လူတွေက ထမင်းစားချင်ကြတယ်။ ဒါပေမဲ့ ဗိုက်လည်းဝရော လူတွေက
ဟင်းကောင်းမကောင်းဆိုတာကိုပဲ ဆွေးနွေးကြတယ်။
စားခဲ့တဲ့ထမင်းဖြူရဲ့အရသာကိုတော့ ဘယ်သူမှ သတိမရကြဘူး။
(၆)
ဘယ်သူမှ ကိုယ့်ကိုယ် စိတ်ရှုပ်၊ စိတ်အနှောင့်ယှက်ပေးနေတာ မဟုတ်ဘူး။ ကိုယ်က
တခြားလူရဲ့စကား၊ တခြားလူရဲ့ အပြုအမှုနဲ့ ကိုယ့်ကိုယ်ကို
စိတ်အနှောင့်အယှက်ပေးနေတာဖြစ်တယ်။
(၇) အောင်မြင်တဲ့လူတိုင်းမှာ စတင်ခြင်းဆိုတာရှိတယ်။ စတင်ရဲတဲ့သူကမှ အောင်မြင်တဲ့လမ်းကို ရှာတွေ့မှာဖြစ်တယ်။
(၈) ရည်မှန်းချက်ပန်းတိုင်ရှိသူ၊ အဝေးကိုလှမ်းမြင်တတ်သူတွေကို လောကကြီးက အမြဲလမ်းဖယ်ပေးတယ်။
(၉)
ပတ်ဝန်းကျင်က ကိုယ့်စိတ်အလိုအတိုင်း ဖြစ်နေမှာမဟုတ်ဘူး။ အဆိုးမြင်သူက
ပတ်ဝန်းကျင်ရဲ့ အထိန်းချုပ်ကို ခံရတယ်။ အကောင်းမြင်သူက ပတ်ဝန်းကျင်ကို
ထိန်းချုပ်တယ်။
(၁ဝ) မနာလို၊ ဝန်တိုတယ်ဆိုတာ ဓားတစ်လက်နဲ့တူတယ်။ တခြားသူရဲ့နောက်ကျောကို ထိုးရင်ထိုး မထိုးရင် ကိုယ့်ရင်ကို ကိုယ်ပြန်ထိုးတယ်။
(99sanay)
ကိုယ့်ကိုစိတ်တို၊ ဒေါသထွက်အောင်လုပ်တဲ့လူက အဝေးကိုထွက်သွားခဲ့ပြီ၊ ကိုယ်က နေရာမှာရပ်ပြီး သူ့ကို ဒေါသထွက်နေတုန်း...
တကယ်တော့ "စိတ်တို၊ ဒေါသထွက်တယ်ဆိုတာ တစ်ခြားလူရဲ့အမှားနဲ့ ကိုယ့်ကိုယ်ကို အပြစ်ပေးနေတာပါ" တဲ့။
(99စနေ)
နားလည်စေချင်တယ်
ဆုံးရှုံးတယ်ဆိုတိုင်း သင်ဘယ်တော့မှ မအောင်မြင်နိုင်တော့တာမဟုတ်ဘူး။
စိတ်ဓာတ်ကျတယ်ဆိုတိုင်း သင့်ဘဝတစ်ခုလုံး ကံဆိုးမိုးမှောင်ကျသွားတာမဟုတ်ဘူး။
နာကျင်ဝမ်းနည်းတယ်ဆိုတိုင်း သင်မပျော်ပိုက်နိုင်တော့တာ မဟုတ်ဘူး။
အကူအညီမဲ့တယ်ဆိုတိုင်း တလောကလုံးက သင့်ကိုလျစ်လျူရှုလိုက်တာမဟုတ်ဘူး။
... တစ်ခါတလေမှာ...
သင့်ခံစားချက်၊ သင့်ထင်မြင်တွေးတောချက်တွေက
အမှန်တကယ်ဖြစ်ပျက်နေတာတွေနဲ့ ထပ်တူကျမနေဘူးဆိုတာ သင်နားလည်စေချင်ပါတယ်။
ငါနင့်ကိုအရမ်းမလွမ်းပါဘူး
ငါနင့်ကို အရမ်းမလွမ်းပါဘူး.. မနက်နိုးလာတဲ့အချိန် ဖုန်းထဲမှာ နင့်မက်ဆေ့ရှိမရှိ ကြည့်ရုံလေးပါပဲ။
ငါနင့်ကို အရမ်းမလွမ်းပါဘူး.. သီချင်းနားထောင်တဲ့အချိန် စာသားတချို့ကြောင့် နင့်ပုံရိပ်ကို မြင်ယောင်မိရုံလေးပါပဲ။
ငါနင့်ကို အရမ်းမလွမ်းပါဘူး.. အိပ်ရာကနိုးလာတိုင်း နင့်ကိုအရင်ဆုံး သတိရမိရုံလေးပါပဲ။
... ငါနင့်ကို အရမ်းမလွမ်းပါဘူး.. နင့်ပုံစံ၊ နင့်အသံကို မြင်ချင် ကြားချင်ရုံလေးပါပဲ။
ငါနင့်ကို အရမ်းမလွမ်းပါဘူး.. အိပ်မက်တိုင်းမှာ နင်အရိပ်တွေရှိနေရုံလေးပါပဲ။
ငါနင့်ကို အရမ်းမလွမ်းပါဘူး.. နေ့တိုင်း နင့်FB ထဲ ဝင်ကြည့်ချင်မိရုံလေးပါပဲ။
ငါ နင့် ကို အ ရမ်း မ လွမ်း ပါ ဘူး..............
(99sanay)
အချစ် ခံစားချက်
သင့်ကိုတကယ်ချစ်တဲ့ မိန်းကလေးက
သင့်ကိုတကယ်ချစ်တဲ့ မိန်းကလေးက
သူလိုချင်တာတွေ သိပ်မများဘူး
သူလိုချင်တာတွေက....
ကရော်ကပျက် အနမ်းမဟုတ်ဘူး
... လေးနက်အလေးထားတဲ့ တည်ငြိမ်ခြင်းဖြစ်တယ်။
ဖုန်းတစ်ခါ ပြောရဖို့မဟုတ်ဘူး
သင့်အသံကို သူကြားချင်လို့ဖြစ်တယ်။
ဖြစ်ကတတ်ဆန်းပွေ့ဖက်တာ မဟုတ်ဘူး
စစ်မှန်တဲ့ နွေးထွေးမှုလေးရဖို့ဖြစ်တယ်။
(၁ဝဝ)ကရက် စိန်လက်စွပ်မဟုတ်ဘူး
ရိုးသားစစ်မှန်တဲ့ နှလုံးသားတစ်စုံပဲဖြစ်တယ်။
ခမ်းနားထည်ဝါတဲ့ တိုက်အိမ်ကြီးမဟုတ်ဘူး
သင်နဲ့အတူ ချမ်းမြေ့တဲ့မိသားစုလေး ပိုင်ဆိုင်ရဖို့ဖြစ်တယ်။
ငွေကြေးတွေဖြုန်းတီးပြီး ကမ္ဘာပတ်ဖို့မဟုတ်ဘူး
သင်နဲ့စက္ကန့်တိုင်း နေချင်တဲ့ဆန္ဒပဲဖြစ်တယ်။
လက်ထပ်စာချုပ်တစ်ခုကို ပိုင်ဆိုင်ရဖို့မဟုတ်ဘူး
သူ့ကို တစ်သက် သင်အဖော်ပြုဖို့ဖြစ်တယ်။
ကြီးကျယ်ခမ်းနားတဲ့ လက်ထပ်ပွဲတစ်ခုမဟုတ်ဘူး
သူ့ကိုပဲ သင်ချစ်တဲ့ သက်သေဖြစ်တယ်။
တကယ်တော့ မိန်းကလေးတွေ လိုချင်တာ သိပ်မများပါဘူး
ဒါကို ယောက်ျားလေးတွေ နားလည်ပေးသင့်တယ်။
(99sanay)
Subscribe to:
Posts (Atom)