Thursday, January 26, 2012


တကယ်လို့ သင်ငိုရင် သင့်တစ်ယောက်တည်းပဲ ငိုရလိမ့်မယ်။
ဘယ်သူ့ကမှ သင့်ရဲ့ပျော့ညံ့ချက်ကို အလေးထား ဂရုစိုက်မှာမဟုတ်ဘူး။
သန်မာကြံ့ခိုင်ဖို့ သင်ကိုယ်တိုင် ဖြေးဖြေးချင်းသင်ယူရတယ်။

တကယ်လို့ သင်ရယ်ရင် တလောကလုံးက သင်နဲ့အတူလိုက်ရယ်လိမ့်မယ်။
... လောကကြီးကို သင် နေတစ်စင်းပေးရင် လောကကြီးက သင့်ကို ကြည်လင်တဲ့ကောင်းကင် ပြန်ပေးလိမ့်မယ်။

အချိန်တော်တော်များများမှာ ကျွန်မတို့ဟာ အဖော်မဲ့ခြင်းထဲမှာ လျှောက်လှမ်းကြတယ်။ အထီးကျန်ခြင်းထဲမှာ တွေးတောကြတယ်။
သင့်စိတ်ကို ဖတ်နိုင်မယ့်သူကို မမျှော်လင့်ပါနဲ့။
သင့် စိတ်ကူးအတွေးကို သဘောတူမယ့်သူကို မစောင့်စားပါနဲ့။
လောကရဲ့လမ်းပေါ်မှာ သင်လျှောက်လှမ်းနေတယ်... လောကကြီးက သင့်ကိုကောင်းကင်ကြီးတစ်ခုလုံး ပေးထားတယ်ဆိုတာကိုတော့
သင်နားလည်ထားစေချင်တယ်။

(99sanay)

No comments:

Post a Comment