Showing posts with label မနိုင်းနိုင်းရဲ့ကျွန်မကြိုက်မိတဲ့စာလေးတွေပါ. Show all posts
Showing posts with label မနိုင်းနိုင်းရဲ့ကျွန်မကြိုက်မိတဲ့စာလေးတွေပါ. Show all posts

Thursday, January 26, 2012

တိမ်ဖြူ တဖြေးဖြေးလွှင့်ပါးသွားတာကို
ကောင်းကင်ကြီး သတိမထားခဲ့မိဘူး။
ဒီရေ တဖြေးဖြေးထွက်ခွာသွားတာကို
သဲသောင်ပြင် သတိမထားခဲ့မိဘူး။
လရောင်တဖြေးဖြေး ကွယ်ပျောက်သွားတာကို
ညအမှောင် သတိမထားခဲ့မိဘူး။

အချစ် တဖြေးဖြေးလျော့ပါးလာတာကို
ငါတို့ သတိမထားခဲ့မိဘူး။
ဘယ်နေရာမှာ ဘာတွေမှားခဲ့တယ်ဆိုပြီး
အရာအားလုံးကို နှုတ်ဆိတ်တိတ်ဆိတ်စေခဲ့တယ်။

နင်က ပြောတယ်...
နင်ထွက်ခွာမသွားပါဘူးတဲ့
ဟုတ်ပါတယ်.. ငါ့ဘေးကနေ နင်ထွက်မသွားပါဘူး
"အချစ်"ကသာ ငါတို့ကို ခွဲထွက်သွားခဲ့တာပါ...

Wednesday, January 18, 2012


(၁) ပြီးဆုံးသွားတဲ့စာမျက်နှာကို ပြန်မလှန်ချင်ရင် မလှန်တာက အကောင်းဆုံးပဲ။ ဖုန်သလိပ်တွေကြောင့် မျက်စိစပ်မှာ စိုးလို့ပါ။

(၂) တကယ်လို့ ရွေးချယ်ခွင့်ရှိခဲ့ရင် အမုန်းနဲ့ အချစ်တစ်ခုကို အဆုံးမသတ်ပါနဲ့။

(၃) နောင်တဆိုတာ စိတ်ဓာတ်ကိုအနှောင့်အယှက်ပေးတဲ့ ခံစားချက်တစ်မျိုးဖြစ်တယ်။ နောင်တဆိုတာ ဆုံးရှုံးမှုထက် ပိုကြီးတဲ့ဆုံးရှုံးမှု၊ အမှားထက် ပိုကြီးတဲ့မှားယွင်းမှုဖြစ်တယ်။ ဒါကြောင့် ဘယ်တော့မှ နောင်တ မရပါနဲ့။

(၄) အချစ်က မီးအိမ်၊ သူငယ်ချင်းကအရိပ်ဆိုရင် မီးငြိမ်းသွားတဲ့အခါ သင့်ပတ်လည်မှာ အရိပ်တွေပဲ ကျန်နေတာကို တွေ့ရလိမ့်မယ်။ သူငယ်ချင်းဆိုတာ နောက်ဆုံးအချိန်ထိ သင့်ကို အားအင်တွေပေးတဲ့သူဖြစ်တယ်။

(၅) အချစ်က ထမင်းဖြူနဲ့တူတယ်၊ ရိုမန်တစ်က စားပွဲခုံပေါ်က ဟင်းနဲ့တူတယ်။ ဆာလောင်နေချိန်မှာ လူတွေက ထမင်းစားချင်ကြတယ်။ ဒါပေမဲ့ ဗိုက်လည်းဝရော လူတွေက ဟင်းကောင်းမကောင်းဆိုတာကိုပဲ ဆွေးနွေးကြတယ်။ စားခဲ့တဲ့ထမင်းဖြူရဲ့အရသာကိုတော့ ဘယ်သူမှ သတိမရကြဘူး။

(၆) ဘယ်သူမှ ကိုယ့်ကိုယ် စိတ်ရှုပ်၊ စိတ်အနှောင့်ယှက်ပေးနေတာ မဟုတ်ဘူး။ ကိုယ်က တခြားလူရဲ့စကား၊ တခြားလူရဲ့ အပြုအမှုနဲ့ ကိုယ့်ကိုယ်ကို စိတ်အနှောင့်အယှက်ပေးနေတာဖြစ်တယ်။

(၇) အောင်မြင်တဲ့လူတိုင်းမှာ စတင်ခြင်းဆိုတာရှိတယ်။ စတင်ရဲတဲ့သူကမှ အောင်မြင်တဲ့လမ်းကို ရှာတွေ့မှာဖြစ်တယ်။

(၈) ရည်မှန်းချက်ပန်းတိုင်ရှိသူ၊ အဝေးကိုလှမ်းမြင်တတ်သူတွေကို လောကကြီးက အမြဲလမ်းဖယ်ပေးတယ်။

(၉) ပတ်ဝန်းကျင်က ကိုယ့်စိတ်အလိုအတိုင်း ဖြစ်နေမှာမဟုတ်ဘူး။ အဆိုးမြင်သူက ပတ်ဝန်းကျင်ရဲ့ အထိန်းချုပ်ကို ခံရတယ်။ အကောင်းမြင်သူက ပတ်ဝန်းကျင်ကို ထိန်းချုပ်တယ်။

(၁ဝ) မနာလို၊ ဝန်တိုတယ်ဆိုတာ ဓားတစ်လက်နဲ့တူတယ်။ တခြားသူရဲ့နောက်ကျောကို ထိုးရင်ထိုး မထိုးရင် ကိုယ့်ရင်ကို ကိုယ်ပြန်ထိုးတယ်။
 (99sanay)