တကယ်လို့ ငိုကြွေးခြင်းက ရင်ဖွင့်နည်းတစ်မျိုးဆိုရင်
အောင့်အီးမထားပါနဲ့တော့
မျက်ရည်က တစ်ခါတလေမှာ ပျော့ညံ့ခြင်းတွေကို ဆေးကြောပစ်နိုင်ပါတယ်။
တကယ်လို့ အထီးကျန်ခြင်းက အခြေအနေတစ်မျိုးဆိုရင်
... တိတ်ဆိတ်မနေပါနဲ့တော့
ကိုယ်ကိုယ်တိုင်အသံထွက်မှ ကိုယ့်နေရာ၊ ကိုယ့်တန်ဖိုးကို ရှာတွေ့နိုင်မှာဖြစ်တယ်။
တကယ်လို့ စွန့်လွှတ်ခြင်းက လွှတ်မြောက်မှုတစ်မျိုးဆိုရင်
ခေါင်းမာတင်းခံမနေပါနဲ့တော့
လက်လွတ်သင့်ချိန် လွှတ်ချရက်မှ၊ လှည့်ထွက်သင့်ချိန် လှည့်ထွက်ရက်မှ
ရှေ့ဆက်လမ်းကို လွတ်လွတ်လပ်လပ်၊ ငြိမ်းငြိမ်းချမ်းချမ်း ဆက်လှမ်းနိုင်မှာဖြစ်တယ်။
ဘဝကို မျက်ရည်အဝဲသားနဲ့ ငါတို့ခရီးဆက်ရလည်း
မထင်မှတ်တဲ့အချိန်မှာ ဘဝက ငါတို့ကို အပြုံးတွေပေးပါလိမ့်မယ်။
(99sanay)

No comments:
Post a Comment