Showing posts with label ခွန်အား. Show all posts
Showing posts with label ခွန်အား. Show all posts

Tuesday, January 31, 2012


မျက်ရည်က ဆုံးရှုံးသွားတဲ့အရာတိုင်းကို နဂိုအတိုင်းပြန်ဖြစ်စေတာ မဟုတ်ဘူး။ ဒါကြောင့် အလွယ်တကူ မျက်ရည်မကျပါနဲ့။

ဝမ်းနည်းပြီဆိုတိုင်း ငိုကြွေးရမယ်လို့ မဆိုပါဘူး။ ဒါကြောင့် ပြုံးဖို့ မတွန့်တို မနှမြောပါနဲ့။


ပေးဆပ်ချင်တိုင်း ပေးဆပ်လို့ရတာ မဟုတ်ပါဘူး။ ဒါကြောင့် ကတိသစ္စာကို လွယ်လွယ်မပေးပါနဲ့။

...
သင်တစ်ယောက်တည်း ကြိုးစားရုန်းကန်နေတာ မဟုတ်ပါဘူး။ ဒါကြောင့် လွယ်လွယ်နဲ့ လက်လွတ်အရှုံးမပေးပါနဲ့။

Sunday, January 29, 2012

လူ့ဘဝတစ်သက်က စာဖတ်တဲ့တစ်သက်ဖြစ်တယ်။
ငယ်ငယ်လေးကစ ကြီးပြင်းအိုမင်းသေဆုံးတဲ့အထိ စာဖတ်ကြတယ်။

အသိပညာက စာအုပ်ကြီးတစ်အုပ်ဖြစ်တယ်။
နှစ်လရာသီက စာအုပ်ကြီးတစ်အုပ်ဖြစ်တယ်။
သဘာဝက စာအုပ်ကြီးတစ်အုပ်ဖြစ်တယ်။
လူ့ဘဝဆိုတာ ပိုကြီးပိုထူတဲ့စာအုပ်ဖြစ်တယ်။
လူ့ဘဝဆိုတဲ့စာအုပ်ကို နေ့တိုင်းဖတ်ရတယ်။ တစ်သက်လုံးလည်း ဖတ်လို့မကုန်နိုင်ခဲ့ဘူး။ ရောက်ရာအရပ်မှာ ဖတ်တယ်။ အသက်သေဆုံးတဲ့အထိ ဖတ်တယ်။ မဖတ်တာပဲရှိမယ်... ဖတ်စရာမရှိဘူးဆိုတာတော့ မရှိဘူး။ ဖတ်လို့မကုန်နိုင်သလို ဖတ်ပြီး အသိပညာမရဘူးဆိုတာလည်း မရှိဘူး။ ဖတ်လေ အကျိုးရှိလေဖြစ်တယ်။

အချစ်ကိုဖတ်ရင် အချစ်ကိုသိတယ်။ အမုန်းကိုဖတ်ရင် အမုန်းကိုသိတယ်။ လူကိုဖတ်ရင် လူကိုသိတယ်။ လူတစ်ယောက်ကိုဖတ်တာဟာ စာအုပ်တစ်အုပ်ကို ဖတ်သလိုပါပဲ။ မြင့်မြတ်ခြင်း၊ သစ္စာရှိခြင်းကို ဖတ်တယ်ဆိုတာ စန္ဒားရားပေါ် လမ်းလျှောက်သလိုပဲ လှမ်းလိုက်တဲ့ခြေလှမ်းတိုင်းမှာ နားဝင်ချိုတဲ့ သံစဉ်တွေထွက်တယ်။ မုသားကိုဖတ်တယ်၊ သစ္စာမဲ့တာကိုဖတ်တယ်ဆိုတာ ရွံ့နွံထဲလမ်းလျှောက်သလိုပဲ လှမ်းလိုက်တဲ့ခြေလှမ်းတိုင်းမှာ ညစ်ပတ်တဲ့ ရွံ့နွံတွေကပ်ညှိလို့နေတယ်။

ယောက်ျားကို ဖတ်တယ်။ မိန်းမကို ဖတ်တယ်။
မိန်းမဆိုတာ ယောက်ျားတွေအတွက် လောကမှာ အကြိမ်တစ်ရာဖတ်လည်း ဖတ်မငြီးတဲ့ စာအုပ်ကောင်းတစ်အုပ်ဖြစ်တယ်။ ယောက်ျားဆိုတာ မိန်းမတွေအတွက် လောကမှာ အကြိမ်တစ်ရာဖတ်လည်း ဖတ်မငြီးတဲ့စာအုပ်ကောင်းတစ်အုပ်ဖြစ်တယ်။ ဒီစာအုပ်ကို နားလည်အောင်ဖတ်နိုင်ခဲ့ရင် သင့်တစ်သက်က ပျော်ရွှင်ခြင်းနဲ့ ပြည့်စုံနေလိမ့်မယ်။

အထီးကျန်ခြင်းကို နားလည်အောင်ဖတ်နိုင်တဲ့သူတွေဟာ အထီးမကျန်တော့ဘူး။
စိတ်ညစ်ခြင်းကို နားလည်အောင်ဖတ်နိုင်တဲ့သူတွေဟာ စိတ်မညစ်တော့ဘူး။
နာကျင်ခြင်းကို နားလည်အောင်ဖတ်နိုင်တဲ့သူတွေဟာ မနာကျင်တော့ဘူး။
ချစ်ခြင်းမေတ္တာကို နားလည်အောင်ဖတ်နိုင်တဲ့သူတွေဟာ ချစ်ခြင်းမေတ္တာ တိုးပွားတယ်။ ပျော်ရွှင်ခြင်းကို နားလည်အောင်ဖတ်နိုင်တဲ့သူတွေဟာ ပိုပျော်ရွှင်တယ်။

မည်းမှောင်တဲ့မိုးနေ့ထဲကနေ နေထွက်တဲ့နေ့ကိုဖတ်တယ်။
ညအမှောင်ထဲကနေ တိမ်ပြာပြာနေ့ကိုဖတ်တယ်။
ရော်ရွက်ဝါထဲကနေ ရွက်နုဝေတာကိုဖတ်တယ်။
သဲကန္တာရထဲကနေ အိုအေစစ်ကိုဖတ်တယ်။
ဒီလိုဆိုရင် သာမန်လူမရနိုင်တဲ့ စိတ်ကူးအကြံကို သင်ရလိမ့်မယ်။

လောကမှာ ဖတ်ရအခက်ခဲဆုံးက လူ့စိတ်ဖြစ်တယ်။ နောက်ပြီး သင်ကိုယ်တိုင်ဖြစ်တယ်။ တခြားလူကို သင်နားလည်အောင် ဖတ်နိုင်ပေမယ့် သင့်ကိုယ်သင် နားလည်အောင်ဖတ်ဖို့ခက်တယ်။ လူ့ဘဝရဲ့တစ်သက်ဟာ စာဖတ်တဲ့တစ်သက်ဖြစ်ရုံမက ကိုယ့်ကိုယ်ကိုဖတ်တာလည်းဖြစ်တယ်။ အရေးကြီးတာက ကိုယ့်ကိုယ်ကိုနားလည်အောင် ဖတ်ပြီး ကိုယ့်ကိုယ်ကို ချစ်မြတ်နိုးတတ်ဖို့ဖြစ်တယ်။ ကိုယ့်ကိုယ်ကို အရင်မြတ်နိုးတတ်မှ တခြားလူကိုမြတ်နိုး၊ တန်ဖိုးထားတတ်မှာဖြစ်တယ်။
(99sanay)

Friday, January 27, 2012


အထီးကျန်ဆန်ခဲ့ဖူးသလား?
ပျော်ရွှင်တဲ့ အရသာကို ခံစားခဲ့ဖူးသလား?
အထီးကျန်တယ်၊ ပျော်ရွှင်တယ်ဆိုတာ နှိုင်းယှဉ်မှုတွေကိုပြတဲ့ နာမဝိသေသနတွေဖြစ်တယ်။ အထီးကျန်တာကို မခံစားဖူးရင် ပျော်ရွှင်တဲ့အရသာကို ဘယ်လာခံစားတတ်မလဲ? လူတွေကလည်း လူတွေပါပဲ.. လက်လွတ်ရခါနီးမှ၊ လက်လွတ်သွားမှ တန်ဖိုးထားရကောင်းမှန်း သိတော့တယ်။ တကယ်တော့ ပျော်ရွှင်ခြင်းက ကိုယ်နဲ့အနီးဆုံး နေရာမှာ အမြဲရှိနေခဲ့ပါတယ်။

ဗိုက်အရမ်းဆာတဲ့အချိန် ခေါက်ဆွဲခြောက်လေးတ
...စ်ထုပ် ရှိတာလဲ ပျော်ရွှင်ခြင်းပဲ
အရမ်းမောပန်းနွမ်းနယ်တဲ့အချိန် ကျောခင်းစရာ နေရာလေးတစ်ခုရှိတာလဲ ပျော်ရွှင်ခြင်းပဲ
အားရပါးရ ငိုနေတဲ့အချိန် ဘေးမှာရှိတဲ့ လူတစ်ယောက်က တစ်ရူးလေးတစ်ရွက် ကမ်းပေးလာတာလဲ ပျော်ရွှင်ခြင်းပဲ

မနက်နိုးလာတာနဲ့ လှပတဲ့ နေရောင်ခြည်ကို တွေ့နိုင်တာလဲ ပျော်ရွှင်ခြင်းပါပဲ။

ပျော်ရွှင်ခြင်းမှာ တိကျတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေ မရှိခဲ့ဘူး။ သာမန်ကိစ္စလေး တစ်ခုလည်း ပျော်ရွှင်ခြင်းတွေ ပေးဆောင်နိုင်ပါတယ်။ ဘယ်လောက်အထိ ပျော်ရွှင်သလဲ? ပျော်ရွှင်ခြင်းရဲ့ အတိုင်းအတာကို ကိုယ့်ရဲ့ရောင့်ရဲတဲ့စိတ်နဲ့ပဲ ခန့်မှန်းဆုံးဖြတ်နိုင်ပါတယ်။

သူငယ်ချင်းတို့ရဲ့ စိတ်မှာ ပျော်ရွှင်ခြင်းတွေ ပြည့်နေခဲ့ပြီလား? ဒါမှမဟုတ် စိတ်ပျက်ခြင်းတွေနဲ့ ပြည့်နေခဲ့သလား?

ပျော်ရွှင်ခြင်းတွေ တံခါးလာခေါက်တဲ့အခါ ကိုယ့်ရင်ခွင်တံခါးကို ကျယ်ကျယ်ဖွင့်ထားပေးပါ။ ပျော်ရွှင်ခြင်းတွေ ကိုယ့်ရင်ဘတ်ထဲ အလုံးအရင်းနဲ့ ဝင်ရောက်နိုင်ပါစေ....
(99sanay)

Thursday, January 26, 2012

အထီးကျန်မျှော်လင့်ချက်


တကယ်လို့ ငိုကြွေးခြင်းက ရင်ဖွင့်နည်းတစ်မျိုးဆိုရင်
အောင့်အီးမထားပါနဲ့တော့
မျက်ရည်က တစ်ခါတလေမှာ ပျော့ညံ့ခြင်းတွေကို ဆေးကြောပစ်နိုင်ပါတယ်။

တကယ်လို့ အထီးကျန်ခြင်းက အခြေအနေတစ်မျိုးဆိုရင်
... တိတ်ဆိတ်မနေပါနဲ့တော့
ကိုယ်ကိုယ်တိုင်အသံထွက်မှ ကိုယ့်နေရာ၊ ကိုယ့်တန်ဖိုးကို ရှာတွေ့နိုင်မှာဖြစ်တယ်။

တကယ်လို့ စွန့်လွှတ်ခြင်းက လွှတ်မြောက်မှုတစ်မျိုးဆိုရင်
ခေါင်းမာတင်းခံမနေပါနဲ့တော့
လက်လွတ်သင့်ချိန် လွှတ်ချရက်မှ၊ လှည့်ထွက်သင့်ချိန် လှည့်ထွက်ရက်မှ
ရှေ့ဆက်လမ်းကို လွတ်လွတ်လပ်လပ်၊ ငြိမ်းငြိမ်းချမ်းချမ်း ဆက်လှမ်းနိုင်မှာဖြစ်တယ်။

ဘဝကို မျက်ရည်အဝဲသားနဲ့ ငါတို့ခရီးဆက်ရလည်း
မထင်မှတ်တဲ့အချိန်မှာ ဘဝက ငါတို့ကို အပြုံးတွေပေးပါလိမ့်မယ်။
(99sanay)

တကယ်လို့ သင်ငိုရင် သင့်တစ်ယောက်တည်းပဲ ငိုရလိမ့်မယ်။
ဘယ်သူ့ကမှ သင့်ရဲ့ပျော့ညံ့ချက်ကို အလေးထား ဂရုစိုက်မှာမဟုတ်ဘူး။
သန်မာကြံ့ခိုင်ဖို့ သင်ကိုယ်တိုင် ဖြေးဖြေးချင်းသင်ယူရတယ်။

တကယ်လို့ သင်ရယ်ရင် တလောကလုံးက သင်နဲ့အတူလိုက်ရယ်လိမ့်မယ်။
... လောကကြီးကို သင် နေတစ်စင်းပေးရင် လောကကြီးက သင့်ကို ကြည်လင်တဲ့ကောင်းကင် ပြန်ပေးလိမ့်မယ်။

အချိန်တော်တော်များများမှာ ကျွန်မတို့ဟာ အဖော်မဲ့ခြင်းထဲမှာ လျှောက်လှမ်းကြတယ်။ အထီးကျန်ခြင်းထဲမှာ တွေးတောကြတယ်။
သင့်စိတ်ကို ဖတ်နိုင်မယ့်သူကို မမျှော်လင့်ပါနဲ့။
သင့် စိတ်ကူးအတွေးကို သဘောတူမယ့်သူကို မစောင့်စားပါနဲ့။
လောကရဲ့လမ်းပေါ်မှာ သင်လျှောက်လှမ်းနေတယ်... လောကကြီးက သင့်ကိုကောင်းကင်ကြီးတစ်ခုလုံး ပေးထားတယ်ဆိုတာကိုတော့
သင်နားလည်ထားစေချင်တယ်။

(99sanay)

Wednesday, January 18, 2012

ကိုယ့်ကိုစိတ်တို၊ ဒေါသထွက်အောင်လုပ်တဲ့လူက အဝေးကိုထွက်သွားခဲ့ပြီ၊ ကိုယ်က နေရာမှာရပ်ပြီး သူ့ကို ဒေါသထွက်နေတုန်း...

တကယ်တော့ "စိတ်တို၊ ဒေါသထွက်တယ်ဆိုတာ တစ်ခြားလူရဲ့အမှားနဲ့ ကိုယ့်ကိုယ်ကို အပြစ်ပေးနေတာပါ" တဲ့။
(99စနေ)

နားလည်စေချင်တယ်

 
ဆုံးရှုံးတယ်ဆိုတိုင်း သင်ဘယ်တော့မှ မအောင်မြင်နိုင်တော့တာမဟုတ်ဘူး။
စိတ်ဓာတ်ကျတယ်ဆိုတိုင်း သင့်ဘဝတစ်ခုလုံး ကံဆိုးမိုးမှောင်ကျသွားတာမဟုတ်ဘူး။
နာကျင်ဝမ်းနည်းတယ်ဆိုတိုင်း သင်မပျော်ပိုက်နိုင်တော့တာ မဟုတ်ဘူး။
အကူအညီမဲ့တယ်ဆိုတိုင်း တလောကလုံးက သင့်ကိုလျစ်လျူရှုလိုက်တာမဟုတ်ဘူး။

... တစ်ခါတလေမှာ...
သင့်ခံစားချက်၊ သင့်ထင်မြင်တွေးတောချက်တွေက
အမှန်တကယ်ဖြစ်ပျက်နေတာတွေနဲ့ ထပ်တူကျမနေဘူးဆိုတာ သင်နားလည်စေချင်ပါတယ်။