Showing posts with label love feeling. Show all posts
Showing posts with label love feeling. Show all posts

Thursday, February 16, 2012

 
အလုပ်တွေ တစ်ခါတလေ အရမ်းများတယ်... စိတ်ချမ်းသာ ကျေနပ်တတ်ဖို့ပဲလိုတယ်။
ဘဝက တစ်ခါတလေ အရမ်းပင်ပန်းတယ်..... ကျန်းမာပျော်ရွှင်ဖို့ပဲလိုတယ်။
အချိန်က တစ်ခါတလေ အရမ်းအကုန်မြန်တယ်.... တန်ဖိုးထားတတ်ဖို့ပဲလိုတယ်။
အချစ်က တစ်ခါတလေ ရယူရအရမ်းခက်ခဲတယ်.... ဖူးစာကံအတိုင်းထားတတ်ဖို့ပဲလိုတယ်။
နင်နဲ့ငါ အမြဲတမ်းတော့ မတွေ့နိုင်ဘူး..... သတိရ လွမ်းဆွတ်တတ်ဖို့ပဲလိုတယ်။
(99sanay)
 
ချစ်ကြိုက်ချိန်မှာ အဆုံးမရှိတဲ့ ချိုမြိန်အနမ်းကို လူတိုင်းတောင့်တကြတယ်။
ရန်ဖြစ်ကြတော့ ဘာဖြစ်လို့ နမ်းခဲ့ဖူးတဲ့နှုတ်ခမ်းနဲ့
အပြန်အလှန် ဝမ်းနည်းနာကျင်အောင် ပြောဆိုကြရသလဲ?

လက်တွဲတယ်၊ လက်တွဲဖြုတ်တယ်ဆိုတာ
အဲဒီလက်တစ်စုံဆီကပဲ ဖြစ်ခဲ့တာပါ။
(99sanay)

Tuesday, January 31, 2012


အချစ်က...
လျော့နည်းလာတာနဲ့ အသစ်ရှာ
စိတ်မောလာတာနဲ့ အသစ်ပြောင်းတာမျိုး မဟုတ်ဘူး။
စံစားဖို့ထက် အတူခံစားမျှဝေနိုင်မယ့်လူတစ်ယော
က်ကို ရှာပါ။
ရှောင်ပြေးဖို့ထက် အတူသည်းခံ ခေါင်းခံနိုင်မယ့်လူတစ်ယောက်ကို

...
ရှာပါ။ အချစ်ကိုတာဝန်ယူဖို့ထက် သင့်ကိုတာဝန်ယူနိုင်မယ့်လူတစ်ယောက်ကို ရှာပါ။
အချစ်ဆိုတာ တစ်ယောက်တည်းကိစ္စမဟုတ်ပါဘူး၊ နှစ်ယောက်အတူကြိုးစားတဲ့ ရလဒ်ဖြစ်တယ်။ နှစ်ယောက်အတူ ရုန်းကန်၊ နှစ်ယောက်အတူ ဖန်ဆင်းတာဖြစ်တယ်။

(99sanay)

တကယ်လို့ တစ်နေ့နေ့မှာ ...
လူတစ်ယောက်ဟာ သင့်အနား မပြန်လာခဲ့တော့ဘူးဆိုရင်
သင်မခွဲနိုင်သူတစ်ယောက် သင့်ကိုခွဲသွားတဲ့အခါ
ဝမ်းမနည်းပါနဲ့....
အချိန်က အမှန်ကန်ဆုံးလူတစ်ယောက်ကို သင့်အနားခေါ်ဆောင်လာပါလိမ့်မယ်
... အဲဒီလို ခေါ်ဆောင်မလာခင် သင်လုပ်ထားရမှာက
သင့်ကိုယ်သင် ကောင်းကောင်းဂရုစိုက်နေဖို့ပါပဲ....
(99sanay)

Thursday, January 26, 2012

စောင့်မျှော်ခြင်း


စောင့်မျှော်ရတာက အကျင့်တစ်ခုလိုဖြစ်နေခဲ့ပြီ
စောင့်မျှော်ရင် ရောက်လာလိမ့်မယ်လို့ ခပ်ရိုးရိုးပဲ တွေးထားခဲ့မိတယ်
ဒါပေမယ့် စောင့်မျှော်ရင်းနဲ့
ပျော်ရွှင်ရမယ့်အပျော်တွေကို ငါတို့လက်လွတ်ခဲ့ကြတယ်
လက်လွတ်ခဲ့ပြီးမှ ဘာကြောင့် အစကတည်းက မဖမ်းဆုပ်လိုက်သလဲလို့ ငါတို့နောင်တရတယ်။
... တကယ်တော့
စောင့်မျှော်တယ်ဆိုတာ နဂိုကတည်းက ရယ်စရာကောင်းတဲ့အမှားတစ်ခုပါ
ရောက်လာနိုင်မှန်း၊ မရောက်လာနိုင်မှန်းမသိတဲ့ ပျော်ရွှင်ခြင်းတစ်ခုကို
စောင့်မျှော်ဖို့ ငါတို့အကျင့်ပါနေခဲ့တယ်...
(99sanay)

ချစ်မိသွားခဲ့တယ်

အးခဲတာကို ငါကြောက်တယ်.. ဒါပေမယ့် နှင်းကို ငါချစ်မိသွားတယ်။

မှောင်မည်းတာကို ငါကြောက်တယ်... ဒါပေမယ့် ညကို ငါချစ်မိသွားတယ်။

နာကျင်တာကို ငါကြောက်တယ်... ဒါပေမယ့် ဒဏ်ရာအထပ်ထပ်ဖြစ်အောင် ငါ့ကိုယ်ငါညှင်းဆဲတယ်။

ဆူညံတာကို ငါမနှစ်သက်ဘူး... အထီးကျန်မှာကို ငါကြောက်ပြန်တယ်။

နင့်ကိုငါ ချစ်မိသွားတယ်... တစ်နေ့ နင်လှည့်ထွက်သွားမှာကို ငါကြောက်မိပြန်တယ်။

... နင်ဟာ ငါ့ရဲ့နွေဦးရာသီလို့ ငါထင်ခဲ့တယ်။
လှပတဲ့နွေဦးရာသီလို နွေးထွေးခြင်းတွေ နင်သယ်လာလိမ့်မယ်လို့ ထင်ခဲ့မိတယ်။
ပျော်ရွှင်ခြင်းကို ငါလိုချင်တယ်...ဒါပေမယ့် နင့်အတွက်နဲ့ မျက်ရည်တွေ ငါအခါခါကျပေါ့ကွယ်..
(99sanay)

အချစ်

  လေးလေးနက်နက် မဟုတ်ဘဲနဲ့တော့
"ချစ်တယ်"ဆိုတဲ့စကားကို ခပ်လွယ်လွယ်မပြောပါနဲ့။
"နင့်ကိုချစ်တယ်"လို့ နင်ပြောလိုက်တဲ့တခဏ ရူးသွပ်တဲ့လုပ်ရပ်တချို့ကို ငါလုပ်မိမှာစိုးလို့ပါ။
ဥပမာ-- နင့်ကို အရမ်းချစ်မိသွားတာမျိုး၊ နင့်ကို အရမ်းယုံကြည်သွားတာမျိုး......
(99sanay)

လိုအပ်ချက်

 
 
 
 
 
ယောက်ျား/ အမျိုးသား......

ရိုမန်တစ်ဆန်ဖို့ မလိုပါဘူး။
ဒါပေမယ့် တာဝန်ယူမှုတော့ရှိရတယ်။

... ဝင်ငွေအများကြီးရှာဖို့ မလိုပါဘူး။
ဒါပေမယ့် မိသားစုကို ကျွေးမွေးရတယ်။

ဘာကိစ္စမဆို မိဘစကားနားထောင်ဖို့ မလိုပါဘူး။
ဒါပေမယ့် သားသမီးတို့ရဲ့ဝတ္တရားကို ကျေပွန်ရတယ်။

သူတော်ကောင်းကျင့်ဝတ်တွေပြည့်စုံဖို့ မလိုပါဘူး။
ဒါပေမယ့် မိန်းမ/ချစ်သူကိုတော့ ချစ်ခင်မြတ်နိုးရတယ်။

အရမ်းအောင်မြင်ကျော်ကြားဖို့ မလိုပါဘူး။
ဒါပေမယ့် မိသားစုကို အဖော်ပြုချိန်ရှိရတယ်။

သားသမီးတွေကို ပြုပြင်ပဲ့ကျောင်းဖို့ မလိုပါဘူး။
ဒါပေမယ့် သားသမီးတွေကို ချစ်ရတယ်။

ယောက်ျားမာန်မာနတွေ ရှိဖို့ မလိုပါဘူး။
ဒါပေမယ့် အရေးအရာကြုံလာရင် စိတ်ကူးအကြံဉာဏ်ရှိရတယ်။
(99sanay)

Thursday, January 19, 2012

ချစ်ခြင်းမေတ္တာနှင့် ကျမ်းမာရေး

လောကကြီးသာယာလှပဖို့အတွက်ချစ်ခြင်း မေတ္တာဟာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်. . လူတိုင်း
အချစ်နဲ့ မကင်းနိုင်ကြပါဘူး . . . တစ်ချိန်မဟုတ် တစ်ချိန်မှာတော့ အချစ်နဲ့ကြုံတွေ့ကြမှာပါ. . .
အချစ်ဆိုတာကို လူအမျိုးမျိုးက အဓိပ္ပါယ်အမျိုးမျိုး ဖွင့်ဆိုကြပေမယ့် တကယ်တမ်းမှာတော့ ဘယ်သူမှ ဘယ်လိုမှ ရှင်းပြလို့မရနိုင်
လောက်အောင် နက်နဲကတဲ့ ခံစားမှုမျိုးပါ . .


ချစ်ခြင်းမေတ္တာဟာ အန်မတန်ကိုမှ ဆန်းကြယ်လွန်းလှပါတယ် . . . ဆေးပညာရှုဒေါင့်က ကြည့်မယ်ဆိုရင်
တော့ တစ်စုံ တစ်ယောက်အပေါ်မှာ ချစ်မေတ္တာယိုစိမ့်တဲ့ အခါ ချစ်တဲ့သူမှာရော အချစ်ခံရသူမှာပါ စိတ်ပျော်ရွှင်ကြည်နူးကြရုံမျှ မက ကိုယ်ကျန်းမာရေးရော ၊
စိတ်ကျန်းမာရေးအတွက်ပါ အန်မတန် အကျိုးပြုတာကို တွေ့ရပါတယ် . . . .


ချစ်ခြင်းမေတ္တာနဲ့ ကျန်းမာရေးက အံ့အားသင့်ဖွယ် နည်းလမ်းတွေနဲ့ ဆက်စပ်မှုရှိနေတာ တွေ့ရပါတယ်
ချစ်ခြင်းမေတ္တာ ဟာ လူသားတွေကို ပျော်ရွှင်စေရုံမျှမက ကိုယ်ခံအားကောင်းစေကာ ရောဂါတွေ တိုက်ဖက်ပေးပါတယ်. . .
ဒါအပြင် တခြားကျန်းမာရေးအတွက် ကောင်းကျိုးများစွာလည်း ရှိပါတယ်. . . . ချစ်နေတဲ့သူနဲ့ အချစ်ခံရသူမှာ
ချစ်နေတဲ့သူက ကျန်းမာရေးအတွက် ကောင်းကျိုးကို ပိုခံစားရနိုင်ပါတယ်. . . .
ဒါပေမယ့် ချစ်တတ်ဖို့လည်း လိုတာပေါ့ နော်. .


ပိုင်ဆိုင်လိုစိတ်နဲ့ ချစ်ပါက သ၀န်တိုမှု၊ မနာလိုမှု နဲက တခြားသော သောကအပူမီးတွေ ပါလာနိုင်ပါတယ်.
. . ချစ်နေရရင်ပြီးရော ဆို ကာ မေတ္တာစစ်မေတ္တာမှန်နဲ့ ချစ်တတ်ပါမှ ကျန်းမာရေးအတွက်လည်း ကောင်းမွန်ပါတယ်. . .


အချစ်က ကျန်းမာရေးကို ဘယ်လိုအကျိုးပြုသလဲဆိုရင်. . .

    * အချစ်က နုပျိုစေနိုင်တယ်
    * အချစ်က အသက်ရှည်စေနိုင်တယ်
    * အချစ်က ကိုယ်ခံအားကောင်းစေနိုင်တယ်
    * အချစ်က သွေးတိုးကာကွယ်ပေးတယ်
    * အချစ်က နှလုံးအတွက် ကောင်းစေတယ်
    * အချစ်က ကိုလက်စထရောပမာဏ လျှော့ချပေးတယ်
    * အချစ်က နာကျင်မှုကို သက်သာစေနိုင်တယ်.
    * အချစ်က ညဏ်ကောင်းစေတယ်
    * အချစ်က စိတ်ဖိစီးမှု လျော့နည်းစေတယ်
    * အချစ်က ကျန်းမာရေးအလေ့အကျင့်ကောင်းတွေ ကို ရစေနိုင်တယ်တဲ့ . . . .



အဓိကကတော့ ဘာကာလာမှ မရော အချစ်သန့်သန့်လေးနဲ့ ချစ်တတ်ဖို့ပါပဲ . . .
ပိုင်ဆိုင်လိုစိတ်တွေက အပူမီးတောက်လောင်စေကာ အချစ်ကို အရောင်ဆိုးလိုက်သလို ကိုယ်ချစ်နေတဲ့ သူစိတ်ချမ်းသာ
ပျော်ရွှင်နေတာကို မြင်ရုံနဲ့ ကျေနပ် ပီတိစိတ်မွေးပါ. . . . မေတ္တာစစ် မေတ္တာမှန်နဲ့ ချစ်တတ်ပါက စိတ်ချမ်းသာ
ကိုယ်ကျန်းမာ ပြီး လောကကြီးက နေပျော်လာပါလိမ့်မယ် . . .

စောင့်မျှော်ခြင်း


စောင့်မျှော်ရတာက အကျင့်တစ်ခုလိုဖြစ်နေခဲ့ပြီ
စောင့်မျှော်ရင် ရောက်လာလိမ့်မယ်လို့ ခပ်ရိုးရိုးပဲ တွေးထားခဲ့မိတယ်
ဒါပေမယ့် စောင့်မျှော်ရင်းနဲ့
ပျော်ရွှင်ရမယ့်အပျော်တွေကို ငါတို့လက်လွတ်ခဲ့ကြတယ်
လက်လွတ်ခဲ့ပြီးမှ ဘာကြောင့် အစကတည်းက မဖမ်းဆုပ်လိုက်သလ...ဲလို့ ငါတို့နောင်တရတယ်။
တကယ်တော့
စောင့်မျှော်တယ်ဆိုတာ နဂိုကတည်းက ရယ်စရာကောင်းတဲ့အမှားတစ်ခုပါ
ရောက်လာနိုင်မှန်း၊ မရောက်လာနိုင်မှန်းမသိတဲ့ ပျော်ရွှင်ခြင်းတစ်ခုကို
စောင့်မျှော်ဖို့ ငါတို့အကျင့်ပါနေခဲ့တယ်...
(99sanay)

Wednesday, January 18, 2012

 
“နှစ်သက်တယ်”ဆိုတာ အချစ်ရဲ့ခပ်ဖျော့ဖျော့အရောင်လေး
“ချစ်တယ်”ဆိုတာ နှစ်သက်တာရဲ့ခပ်ရင့်ရင့်အရောင်လေးပေါ့။

အချစ်တွေ အများကြီးရလိုက်လို့ ဘဝဟာ ပြီးပြည့်စုံသွားမှာ မဟုတ်ဘူး။
အချစ်တွေ အများကြီးပေးဆပ်လိုက်ရလို့ ဘဝဟာ ပိုတန်ဖိုးရှိသွားတာ။
(99စနေ)
နောက်တစ်ခါ ကျွန်မငိုရတော့မှာမဟုတ်ပါဘူး၊ ကို့ကြောင့် နောက်တစ်ခါ မျက်ရည်ကျတော့မှာ မဟုတ်ပါဘူး၊ ကျွန်မသိပါတယ်။ ဘာကြောင့်လဲဆိုတော့ အခုချိန်ကစပြီး ကျွန်မမျက်ရည်တွေ ခန်းခြောက်ကုန်ပြီဟု ကျွန်မခံစားရလိုက်လို့ပါပဲ......( ရတနာ )

ငါသိခဲ့ပြီ

Good Night

 
ညနက်မှအိပ်ရာဝင်တဲ့ အကျင့်စွဲကပ်နေပြီ...
"ဂွတ်နိုက်... စောစောအိပ်နော်"လို့ နှုတ်ဆက်တိုက်တွန်းတတ်တဲ့ လူတစ်ယောက်ကို စောင့်နေခဲ့လို့.....


ငါနင့်ကိုအရမ်းမလွမ်းပါဘူး

 
 
 
 
 
 
ငါနင့်ကို အရမ်းမလွမ်းပါဘူး.. မနက်နိုးလာတဲ့အချိန် ဖုန်းထဲမှာ နင့်မက်ဆေ့ရှိမရှိ ကြည့်ရုံလေးပါပဲ။

ငါနင့်ကို အရမ်းမလွမ်းပါဘူး.. သီချင်းနားထောင်တဲ့အချိန် စာသားတချို့ကြောင့် နင့်ပုံရိပ်ကို မြင်ယောင်မိရုံလေးပါပဲ။
ငါနင့်ကို အရမ်းမလွမ်းပါဘူး.. အိပ်ရာကနိုးလာတိုင်း နင့်ကိုအရင်ဆုံး သတိရမိရုံလေးပါပဲ။
...
ငါနင့်ကို အရမ်းမလွမ်းပါဘူး.. နင့်ပုံစံ၊ နင့်အသံကို မြင်ချင် ကြားချင်ရုံလေးပါပဲ။
ငါနင့်ကို အရမ်းမလွမ်းပါဘူး.. အိပ်မက်တိုင်းမှာ နင်အရိပ်တွေရှိနေရုံလေးပါပဲ။
ငါနင့်ကို အရမ်းမလွမ်းပါဘူး.. နေ့တိုင်း နင့်FB ထဲ ဝင်ကြည့်ချင်မိရုံလေးပါပဲ။

ငါ နင့် ကို အ ရမ်း မ လွမ်း ပါ ဘူး..............
(99sanay)

အချစ် ခံစားချက်
 
 
 
 
သင့်ကိုတကယ်ချစ်တဲ့ မိန်းကလေးက
သူလိုချင်တာတွေ သိပ်မများဘူး
သူလိုချင်တာတွေက....

ကရော်ကပျက် အနမ်းမဟုတ်ဘူး
... လေးနက်အလေးထားတဲ့ တည်ငြိမ်ခြင်းဖြစ်တယ်။

ဖုန်းတစ်ခါ ပြောရဖို့မဟုတ်ဘူး
သင့်အသံကို သူကြားချင်လို့ဖြစ်တယ်။

ဖြစ်ကတတ်ဆန်းပွေ့ဖက်တာ မဟုတ်ဘူး
စစ်မှန်တဲ့ နွေးထွေးမှုလေးရဖို့ဖြစ်တယ်။

(၁ဝဝ)ကရက် စိန်လက်စွပ်မဟုတ်ဘူး
ရိုးသားစစ်မှန်တဲ့ နှလုံးသားတစ်စုံပဲဖြစ်တယ်။

ခမ်းနားထည်ဝါတဲ့ တိုက်အိမ်ကြီးမဟုတ်ဘူး
သင်နဲ့အတူ ချမ်းမြေ့တဲ့မိသားစုလေး ပိုင်ဆိုင်ရဖို့ဖြစ်တယ်။

ငွေကြေးတွေဖြုန်းတီးပြီး ကမ္ဘာပတ်ဖို့မဟုတ်ဘူး
သင်နဲ့စက္ကန့်တိုင်း နေချင်တဲ့ဆန္ဒပဲဖြစ်တယ်။

လက်ထပ်စာချုပ်တစ်ခုကို ပိုင်ဆိုင်ရဖို့မဟုတ်ဘူး
သူ့ကို တစ်သက် သင်အဖော်ပြုဖို့ဖြစ်တယ်။

ကြီးကျယ်ခမ်းနားတဲ့ လက်ထပ်ပွဲတစ်ခုမဟုတ်ဘူး
သူ့ကိုပဲ သင်ချစ်တဲ့ သက်သေဖြစ်တယ်။

တကယ်တော့ မိန်းကလေးတွေ လိုချင်တာ သိပ်မများပါဘူး
ဒါကို ယောက်ျားလေးတွေ နားလည်ပေးသင့်တယ်။
(99sanay)